ဦးနှောက်ကိုလေ့ကျင့်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

//s9.kh1.co/d8/d8a1a0b1995d3582fee726e6ac3565c2a6a7608d.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-မတ်-၂၀၂၄ ၃pm · လွန်ခဲ့သော တစ်လ က

ဦးနှောက်ကိုလေ့ကျင့်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

(၁) နေ့စဥ်စာဖတ်ပါ။ စာဖတ်ခြင်းဟာ ဦးနှောက်ကိုလုပ်ဆောင်မှုပိုကောင်းမွန်လာအောင်ကူညီပေးနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ကိုလှုံ့ဆော်ပေးပြီး ကောင်းမွန်တဲ့တိုးတက်မှုတွေဖြစ်လာအောင်လုပ်ပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=752,q=100/fd/fd0185f7c401112b0ab82b702fcae0653c44f513.jpg

(၂) မှတ်စုတိုရေးတာ ဒါမှမဟုတ် ဒိုင်ယာရီလိုမျိုးရေးထားခြင်းကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပုံမှန်လုပ်ပေးတယ်ဆိုရင် ဦးနှောက်ကျန်းမာရေးအတွက်ပါသာမက အသက်ကြီးပြင်းလာရင်ဖြစ်နိုင်တဲ့ဦးနှောက်ရောဂါတွေကနေပါ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/46/46253d2bda4ce4cdde889ed3aa6dd7372a8df7ea.jpg

(၃) ကိုယ်ကာယလေ့ကျင့်ခန်းတွေကလည်း ဦးနှောက်အပေါ်ကိုသက်ရောက်မှုရှိပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးတက်လာစေပြီးတော့ ကောင်းမွန်တဲ့အခြေအနေမှာအမြဲရှိနေအောင် ထိန်းပေးနိုင်ပါတယ်။ 

(၄) အသစ်အဆန်းတွေကို အဆက်မပြတ်သင်ယူခြင်းကလည်း ဦးနှောက်အတွက် သင့်တော်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအဆက်မပြတ်သင်ယူခြင်းဟာ ကောင်းမွန်တဲ့တိုးတက်မှုတွေကိုဆက်တိုက်ဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=564,h=720,q=100/70/708da244f17a0f806334cca3680e35f3baf6f4eb.jpg

(၅) တရားထိုင်ခြင်းလိုမျိုး ငြိမ်သက်ပြီးလုပ်ရတဲ့အလုပ်တွေကလည်းပဲ ဦးနှောက်လုပ်ဆောင်မှုကိုသိသာတဲ့ထိရောက်မှုရှိပါတယ်။ အထူးသဖြင့် ဘာသာရေးနည်းလမ်းအများစုဟာ ဦးနှောက်ကိုကောင်းမွန်တဲ့အခြေအနေဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T