ပရိသတ်ကြီး အားလုံးသိကြတဲ့အတိုင်း ဓာတ်ပုံအများစုဟာ Effect တွေ ဘာညာထည့်လိုက်တဲ့အခါမှ ပိုပြီးကြည့်လို့ကောင်းသွားတာဖြစ်ပါတယ်။ လူပုံပဲဖြစ်ဖြစ် သဘာဝပုံပဲဖြစ်ဖြစ် ဘယ်လိုပုံဖြစ်ဖြစ် စနစ်တကျရိုက်ပြီး Effect ထည့်လိုက်ရင် မလှတဲ့ဟာတွေတောင် လှကုန်ပါတယ်...လှတဲ့ဟာတွေကိုလဲ ပိုလှစေပါတယ်။ သို့သော်လဲ ခုပုံတွေအတွက်ကတော့ ဘာ Effect မှမလိုပါဘူး...နဂိုကတည်းက ထူးခြားနေတဲ့ပုံတွေပဲဖြစ်ပါတယ်။
Flames At Dinosaur Museum
ပုံပါ ထရိုနိုဆော ဟာဆိုရင် ကြီးမားတဲ့ စက်ရုပ်ကြီးဖြစ်ကာ ပြသနေစဉ်အတွင်း ရှော့ခ်ဖြစ်ပြီး ပုံထဲကလို မီးတွေလောင်ကျွမ်းကုန်တာဖြစ်ပါတယ်။ အဲ့ပုံက သင့်ကို Effect များထည့်ထားသလားဖြစ်စေမှာပါ။
Reflection
နေ့တိုင်းလိုလို အထူးပြုလုပ်ချက်ပုံတွေကို တွေ့ရှိရပေမဲ့ ဒီပုံကတော့မပါခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီပုံက ဘာ Effect မှမပါပဲ နေကရိုက်တဲ့ အလင်းရောင် ပြန်တာပဲဖြစ်ပါတယ်။ အဲ့လိုမျိုး အလင်းတန်းက အဆောက်အအုံတိုင်မပြန်ပါဘူး..နောက်ကအဆောက်အအုံရဲ့ တစ်ခုခုကြောင့် တာဖြစ်ပါတယ်။
Bird View
လူသားတွေဟာ နေ့တိုင်လိုလို မကြာခဏ ငှက်လေဆင်နှာမောင်ကို တွေ့ဖူးကြမှာမဟုတ်ပါဘူး။ဓာတ်ပုံဆရာကတော့ မှန်မှန်ကန်ကန် ကွက်တိရိုက်နိုင်ခဲ့ပါတယ်။
Library In China
လူတွေက စာကြည်တိုက်ဆို ပျင်းကြပါတယ်...သွားဖို့လဲ လူသိပ်မရှိကြပါဘူး။ ဒီစာကြည့်တိုက်ကတော့ သရုပ်ကစာကြည်တိုက်ဖြစ်ပြီး အသွင်အပြင်တွေကသာမန်စာကြည်တိုက်နဲ့မတူတာကို ပရိသတ်ကြီးလဲ သိမှာပါ။ စာကြည်တိုက်က ပျင်းဖို့ကောင်းနေသေးလား.....။
This Amazing Cloud
သင်အနေနဲ့ တိမ်ထဲမှာ မတူညီတဲ့ အလင်းရောင်တွေနဲ့ တိမ်ကို မတွေ့ဖူးလောက်ပါဘူး....ဒါပေမဲ့ ဒီတိမ်ကတော့ USA မှာ မိုးကြိုးမုန်းတိုင်ဖြစ်ပြီးနောက်ပေါ်လာတဲ့ တိမ်ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Bloggers Arena