အလကားရတဲ့ဆီဖြည့်ဖို့အတွက် bikini တွေဝတ်ပြီး ဆီလာဖြည့်ကြတဲ့ အမျိုးသားများ

//s9.kh1.co/07/0757480cafa54813df2d463513dd5baafdf8f4d2.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် လူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားမှုတော်တော်လေးများခဲ့တဲ့ Russia နိုင်ငံက ပုံလေးအချို့ကိုဖော်ပြပေးချင်ပါတယ်။ဒီပုံလေးတွေကတော့ Russia နိုင်ငံက gas station တစ်ခုဖြစ်တဲ့ Olvi ဟာ သုံးနာရီအတွင်း သူတို့ရဲ့ဆီဆိုင်မှာ bikini ဝတ်ထားတဲ့ဘယ်သူမဆို ဆီအလကား စိတ်ကြိုက်ထည့်လို့ရတယ်ဆိုပြီး promotion ဆင်းရာကနေ ထွက်ပေါ်လာခဲ့တာပါ။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

ဒီပုံတွေထဲမှာတွေ့ရတဲ့ အမျိုးသားတွေ အကုန်လုံးနဲ့ အမျိုးသမီး အချို့ဟာ promotion ပေးထားတဲ့ သုံးနာရီအတွင်း ဆီအလကားထည့်ခွင့်ရဖို့အတွက် bikini ဝတ်စုံတွေဝတ် ဒေါက်ဖိနပ်ကြီးတွေစီးပြီး ဆီလာထည့်ကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့ bikini ဝတ်ထားတဲ့အခုလိုပုံတွေကို ဆိုင်ဝန်ထမ်းတွေနဲ့ ဘေးနားကရှိတဲ့လူတွေဟာ ဓာတ်ပုံတွေဝိုင်းရိုက်ကြပေမယ့်လည်း သူတို့ဟာရှက်ကြောက်ခြင်းမရှိပဲ မျက်နှာမှာ ပြုံးပျော်နေတာကိုတွေ့ရပါတယ်။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

၎င်းဆီဆိုင်ရဲ့ ဒီ promotion ဟာ လူစိတ်ဝင်စားမှုလည်း အတော်များသွားခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေသူတွေကလည်း တကယ့်ကို အများကြီးပါပဲ။

ပြုံးပျော်နေကြတဲ့သူတွေပုံလေးတွေကြည့်ပြီး promotion လုပ်ပေးတဲ့သူတွေလည်း စိတ်ချမ်းသာရသလို ဒီပုံလေးတွေကိုမြင်ရတဲ့ သူတွေအတွက်လည်း အပျော်တွေကူးစက်လာသလိုပါပဲ။

ပရိသတ်တွေရော bikini ဝတ်စုံလေးတွေဝတ်ပြီး ဆီဖြည့်နေတာတောင် ပြုံးပျော်နေတဲ့ သူတို့ပုံလေးတွေကြည့်ပြီး သဘောမကျကြဘူးလား။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

သတင်း အရင်းအမြစ်Elitereaders

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T