ကိုယ်အလေးချိန် ၁ပေါင်တောင်မရှိပဲ ထူးထူးခြားခြား အသက်ရှင်လာတဲ့ကလေးငယ်

//s9.kh1.co/f6/f60b3e8fcd19c6d90e03afe1867f4a95573ae7cd.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ သေကံမရောက်ပဲ အသက်ရှင်ခွင့်ရခဲ့တဲ့ ကလေးငယ်လေးတစ်ယောက်အကြောင်းကို ဗဟုသုတရဖွယ်ဖော်ပြပေးချင်ပါတယ်။

ဒီကလေးလေးကတော့ Manushi လို့ခေါ်တဲ့ India နိုင်ငံက ကလေးငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

photo credit - bibliatodo
photo credit - bibliatodo

ဒီကလေးလေးဟာ မွေးဖွားရမယ့်အချိန်ထက် ၁၂ပတ်စောပြီးမွေးဖွားလာခဲ့တာကြောင့် ကိုယ်အလေးချိန်ပေါင် 0.8ပေါင်ပဲရှိခဲ့ပါတယ်။ Manushi လေးရဲ့ မွေးကာစအချိန်မှာ အလွန်နည်းလွန်းတဲ့ ကိုယ်အလေးချိန်ကြောင့် အသက်ရှင်နိုင်ခြေအလွန်နည်းတယ်လို့ ဆရာဝန်များ မှတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း Manushi လေးဟာ အရိုးခြောက်သာသာလေးနဲ့ မွေးလာခဲ့ပေမယ့် ကံတရားရဲ့ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး အသက်ဆက်လက် ရှင်သန်နိုင်မယ့် အခွင့်အရေးကိုရရှိခဲ့ပါတယ်။

photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo

Maushiလေးယခုလိုလမစေ့ပဲ စောပြီး မွေးဖွားလာရတဲ့ အကြောင်းရင်းကတော့ ကိုယ်ဝန်လွယ်ထားရတဲ့ အသက်၄၆ နှစ်အရွယ် မိခင်ရဲ့ ရုတ်တရက် ဆောင့်တက်လာတဲ့ သွေးအားကြောင့်ဖြစ်ပြီး အဆိုပါအခြေနေမျိုးမှာ မိခင်နှင့်ကလေးနှစ်ဦးလုံး အသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် လမစေ့ပဲ ခွဲမွေးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မိဘဖြစ်သူတွေကလည်း သူတို့ရဲ့ လမစေ့ပဲမွေးလာတဲ့ တစ်ပေါင်တောင် မရှိတဲ့ကလေးလေးကို ကြည့်ပီး စိတ်မကောင်းဖြစ်နေခဲ့ရပေမယ့်လည်း ဆရာဝန်တွေရဲ့ ကျေးဇူးကြောင့်ရော သူ့ရဲ့ကံကောင်းမှုကြောင့်ရောပါ Manushi လေးဟာ 6 လလောက်သာဆေးရုံတက်ခဲ့ရပြီး သူ့ရဲ့မိဘတွေနဲ့အတူ အိမ်ကိုပြန်နိုင်ခဲ့ပါတယ်။

photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo
photo credit - bibliatodo

သတင်း အရင်းအမြစ်bibliatodo

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T