အမြင်နဲ့တင် ရယ်စရာကောင်းနေတဲ့ အွန်လိုင်းပေါ်က ထူးထူးဆန်းဆန်း လူ့အသုံးအဆောင်ပစ္စည်းများ

//s9.kh1.co/85/853f8096dfc7aef539fa9259fcdb7b4ac99a8936.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီပစ္စည်းလေးတွေဟာ အိုင်ဒီယာကောင်းကောင်းနဲ့ ပြုလုပ်ထားကြပေမယ့်လည်း တကယ်တမ်းကြတော့ ရယ်စရာကောင်းတဲ့ပုံစံကြီးတွေသာ ဖြစ်လို့နေပါတယ်။ ဒီပစ္စည်းလေးတွေဟာ အမြင်နဲ့တင် ရယ်စရာကောင်းနေပြီဖြစ်သလို ဒါတွေကို အသုံးပြုမယ်ဆိုရင်လည်း ပုံမှန်စိတ်နဲ့တော့ အသုံးမပြုနိုင်ပါဘူး တကယ့်ကိုပျော်ပျော်နေတတ်တဲ့ သူတွေမှသာ အသုံးပြုနိုင်ကြမှာပါ။

photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside

အိမ်သာတက်နေရင်း ဆော့လို့ရတဲ့ ဂေါက်ကွင်းအသေးလေးဟာဆိုရင်လည်း တကယ့်ကို ရယ်ချင်စရာပါပဲ။ ဒါ့အပြင် နှာခေါင်းပုံစံကြီးနဲ့လုပ်ထားတဲ့ ဆပ်ပြာထုတ်စက်လေးကလည်း မသိရင် နှပ်ချေးထွက်လာသလိုမျိုးနဲ့ ထူးထူးဆန်းဆန်းကြီး ဖြစ်နေသလိုပါပဲ။

ဒါ့အပြင် ပရိသတ်တွေအခုမြင်တွေ့နေရတဲ့ စုဗူးလေးဟာဆိုရင်လည်း တခုခုနဲ့ တူသလိုကြီးဖြစ်နေသလို ကြောင်လေးတွေကို အယားပြေအောင်ကုတ်ပေးတဲ့ ကုတ်တံလေးကလည်း ပါးစပ်မှာတပ်ကြီး ကုတ်ပေးရတာဆိုတော့ ရယ်ရင်လဲ ရယ်ချင်စရာပါပဲ။

photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside

အမျိုးသမီးတွေအတွက် တင်အတုနဲ့ အမျိုးသားတွေအတွက် မာဆယ်အပြည့်ဖြစ်နေသလို ဖန်တီးထားတဲ့ အကျီၤဟာဆိုရင်လည်း မြင်ရတာနဲ့ကို ရယ်ချင်စရာကောင်းလွန်းနေပါတယ်။

ပရိသတ်တွေရော ဒီအသုံးအဆောင်ပစ္စည်းလေးတွေထဲက ဘယ်ဟာလေးတစ်ခုကို သဘောကျကြလဲ ဆိုတာပြောပြခဲ့ကြဦးနော်။

photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside
photo credit - Brightside

သတင်း အရင်းအမြစ်

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T