Czech Republic နိုင်ငံကိုတော့ ပြည်တင်းဖြစ် ဘီယာနဲ့ ဝိုင်အရက်တွေ ပေါ်ကြွယ်ဝတဲ့ နိုင်ငံ အဖြစ်လူသိများကြပါတယ်။Czech နိုင်ငံဟာ သူတို့ရဲ့အားသာချက်ကို အသုံးချပြီး ဖွင့်လှစ်ထားတဲ့ ရေပူစမ်းတွေလည်း များစွာရှိသလို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ဘီယာ Spa တွေလည်း များစွာရှိပါတယ်။


Czech နိုင်ငံရဲ့ အနောက်တောင်ဘက်မှာဆိုရင်လည်း Karlovy Vary လို့ခေါ်တဲ့ မြို့လေးတစ်မြို့ရှိပြီး ၎င်းမြို့လေးမှာတော့ ဘီယာနဲ့ပါရေပြန်ချိုးလို့ရတဲ့ ဘီယာ spa တွေများစွာရှိပါတယ်။၎င်း ဘီယာ Spa တွေမှာ တစ်ယောက်ထဲလည်း အပန်းဖြေလို့ရသလို ကိုယ်ချစ်ရတဲ့သူနဲ့ ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးတွေကိုလည်း ဖန်တီးနိုင်တာကြောင့် လာရောက်သူ များပြားနေတာပဲဖြစ်ပါတယ်။ဒါ့အပြင် သူငယ်ချင်းတွေနဲ့လည်း အတူတူ အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တာကြောင့် လူသိများ ထင်ရှားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။



ဘီယာနဲ့ရေချိုးတာဟာ ပင်ပန်းမှုတွေ ၊ စိတ်ပင်ပန်းမှုတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်မှာ ဘေးဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုပါ ကာကွယ်ပေးနိုင်တာကြောင့် ဘီယာနဲ့ ရေးချိုးတာဟာ တကယ့်ကိုကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။ ပရိသတ်တွေရော ကိုယ်တစ်ယောက်ထဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူနဲ့ပဲဖြစ်ဖြစ် ဘီယာ Spa လေးတွေမှာ သွားပြီး အပန်းမဖြေချင်ကြဘူးလား။





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။