ရုရှားမှာနေထိုင်တဲ့ social influencer ဖြစ်သူ အသက် 35 နှစ်အရွယ် Marina Balmasheva ဟာအသက် 21 နှစ်အရွယ် လင်ပါသားလေး Vladimir နဲ့ရရှိတဲ့ သမီးဦးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။
Marina ဟာ Vladimir ရဲ့အဖေဖြစ်သူ Alexey နဲ့ လွန်ခဲ့တဲ့နှစ်အတော်ကြာထဲက လက်ထပ်ထားခဲ့တာဖြစ်ပြီး ဆယ်နှစ်လောက် လက်တွဲပြီးတဲ့ နောက်မှာ ကွာရှင်းခဲ့ပါတယ်။အဲ့ဒီနောက် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က Marina ဟာ Alexey ရဲ့သားဖြစ်သူ Vladimir နဲ့ သူမတို့ရဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့ပြီဖြစ်ကြောင်းကို ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။


ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီးတော့ Marina ကို ခင်ပွန်းဟောင်းဖြစ်သူ Alexey ကတော့ သူ့ရဲ့သားကို ဆွဲဆောင်ဖြားယောင်းခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ Alexey ရဲ့ပြောကြားချက်အရတော့ Marina ဟာ တစ်ညမှာ သူတို့အတူအိပ်နေစဉ် အိမ်ယာထဲကနေ ထွက်သွားပြီး သူ့သားအိပ်ယာဆီကိုပြေးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဘာမှမဖြစ်သလို ပြန်လာပြီး ငါ့ရဲ့ဘေးမှာ လာလှဲလျှောင်းနေခဲ့ပါတယ်။ သူမအခုလိုငါ့ကို လှည့်စားခဲ့တာကို ငါခွင့်လွှတ်ပေးနိုင်ပေမယ့် ဖောက်ပြန်ခဲ့တဲ့သူက ငါ့သားဖြစ်နေတဲ့အတွက် ခွင့်လွှတ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။



လက်ရှိအချိန်မှာတော့ Marina ဟာ သူမရဲ့ခင်ပွန်းအသစ် Vladimir နဲ့ လက်ထပ်ပြီးပြီဖြစ်ပြီး သမီးလေးတစ်ယောက်ကိုတောင် ဖွားမြင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားတဲ့အချိန်မှာတော့ Vladimir ဟာ Marina အနားမှာရှိမနေခဲ့ပါဘူး၊ ဒါကလည်း Covid-19 ကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ယခုမွေးဖွားခဲ့တဲ့ ကလေးလေးနဲ့ ပတ်သတ်ပီးတော့လည်း Marina ဟာ သူမရဲ့ fan တွေကို “ သမီးလေးရဲ့ဖေဖေက သမီးလေးကို မချပြချင်သေးဘူး ဒါ့ကြောင့် နောက်ကြောပုံလေးကိုပဲချပြတာပါ ၊ သမီးလေးရဲ့နာမည်ကိုတော့ ငါတို့စဉ်းစားနေပါတယ် “ ဆိုပြီး ပြောထားတာကိုတွေ့ရပါတယ်။




သတင်းအရင်းမြစ်: Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။