သင့်ကို လူတွေပိုပြီး သဘောကျလာတာ၊ ပိုပြီးနှစ်သက် ခင်မင်လာတာကို လိုချင်ပါသလား။ ဒါဆိုရင်တော့ ဒီလွယ်ကူတဲ့ အချက်(၅)ချက်လေးကို လိုက်နာကြည့်ပါနော်။
၁။ လူတွေရဲ့နာမည်ကိုမှတ်ထားပြီး သူတို့နဲ့ပြန်တွေ့တိုင်း သတိတရရှိနေပါစေ
လူတိုင်းဟာ ကိုယ်နဲ့ သိပ်မခင်တဲ့လူတစ်ယောက်က ကိုယ့်နာမည်ကို မှတ်မိနေတတ်တယ်ဆိုရင် အံသြဝမ်းသာဖြစ်မိတတ်ကြတာနဲ့အတူ သင့်ကိုလဲ သဘောကျသွားပါလိမ့်မယ်။ သူတောင်မမှတ်မိဘဲ သင်င သူ့နာမည်ကိုမှတ်မိနေတယ်ဆိုတာ သူ့ကိုသင့်ရဲ့ ခေါင်းထဲထည့်ထားပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါကြောင့်မို့ လူတွေရဲ့နာမည်ကို ပိုသိလေလေ၊ မိတ်ဆွေပိုများလာပြီး၊ လူချစ်လူခင်ပေါလာလေလေပါပဲ။
၂။ ဖုန်းမသုံးပါနဲ့
သင့်ဘေးမှာ မိတ်ဆွေတွေရှိနေတဲ့အခါ ဖုန်းသုံးပြီး ဖုန်းကိုပဲ တောက်လျှောက်ကြည့်မနေပါနဲ့။ သူတို့ပြောတာနားထောင်ပြီး၊ လိုက်ပါဝင်ပြောနိုင်ဖို့ ကြိုးစားပါ။ သူတို့ရဲ့အာရုံကို အရယူပါ။ တတ်နိုင်သမျှ ဖုန်းကို အိတ်ထဲမှာဖြစ်ဖြစ်ထည့်ထားတာ၊ ဘေးမှာချထားတာလုပ်ပါ။
၃။ မေးခွန်းများများမေးပါ
တစ်ဖက်လူပြောတဲ့ အကြောင်းအရာပေါ်မူတည်ပြီး မေးခွန်းတွေမေးပေးခြင်းဟာ သင်ဟာ သူပြောတဲ့အပေါ် စိတ်ဝင်စားမှုရှိနေပါတယ်လို့ ပြလိုက်တာနဲ့အတူတူပါပဲ။ အဲလိုပဲ တစ်ဖက်လူကလဲ သင့်အပေါ် အလိုလို နှစ်သက်လာပါလိမ့်မယ်။
၄။ ပြုံးဖို့မမေ့ပါနဲ့
စကားပြောတဲ့အချိန် ရုပ်တည်ကြီးနဲ့ ပြောတာထက်စာရင် ပြုံးပြီးပြောတာက သင်နဲ့ပြောတဲ့လူအကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုပြီးအဆင်ပြေနွေးထွေးစေပါတယ်။ ပြုံးရတာဟာ ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး။ ဘယ်သူမဆို ပြုံးရင်လှတာပါပဲ။ ပြုံးပြီးမျက်နှာရွှင်တတ်တဲ့သူတွေကို လူတွေက ပိုနှစ်သက်တတ်ကြပါတယ်။
၅။ တစ်ယောက်ချင်းအပေါ် အာရုံစိုက်ပေးပါ
ဒါဟာ လူအများနဲ့စကားပြောတဲ့အချိန် သင့်ကို ပိုပြီး ထင်ပေါ်စေပြီး ပိုပြီးလူနှစ်သက်စေပါတယ်။ လူတိုင်းဟာ တူညီတဲ့ အာရုံစိုက်မှုလိုချင်ကြတာပါပဲ။ လူအများနဲ့စကားပြောတဲ့အချိန် သင်ဟာ လူတိုင်းအပေါ် အာရုံထားပြီး စကားပြောပေးနိုင်မယ်ဆို အကုန်လုံးက သင့်ကို အင်မတန်ဖော်ရွေပြီး လူမှုဆက်ဆံရေးကောင်းသူအဖြစ် မြင်သွားကြမှာပါ။
သတင်း အရင်းအမြစ်៖ Lifetime