ပရိသတ်ကြီးရေ ယနေ့ချိန်တိုင် ကမ္ဘာကြီးပေါ်မှာဆိုရင် အမြဲတမ်း ထူးထူးဆန်းဆန်းတွေ ဖြစ်ပျက်လေ့ရှိသလို ဖြစ်ပေါ်လေ့လဲရှိပါတယ်။ နောက်မှဖြစ်တဲ့အရာတွေထက် အရင်ကထဲက နဂိုမူလသဘာ၀အတိုင်းတည်ရှိနေတဲ့ ထူးထူးဆန်းဆန်းေတွလဲရှိပါတယ်။ အဲ့ဒီအရာတွေထဲကမှ ခုချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

Blood Fall , Antartica
အန္တာတိကတိုက် ရဲ့ မြောက်ဘက်စွန်းနားတွင် တည်ရှိနေသော သွေးရေတံခွန် ဟုခေါ်ကြသော ရေကန်အကြောင်းကို အခုထိ သိပ္ပံပညာရှင်များအဖြေမထုတ်နိုင်သေးချေ။ အဆိုပါရေတံခွန်၏ထူးခြားချက်မှာ ၎င်းရဲ့အစ ရေခဲမြစ်အရည်ပျော်ရာ အရပ်မှာ သာမာန်အဖြူရောင်ရေခဲရည်များသာ ဖြစ်ပြီး လမ်းတလျှောက်လုံးတွင်လည်း ရိုးရိုးရေခဲပျော်ရည်အဖြစ်သာ စီးဆင်းခဲ့ရာမှ သွေးရေတံခွန်နား အရောက်တွင်သာ အနီရောင်ပြောင်းကာ ပင်လယ်ထဲသို့စီးဝင်နေခြင်းဖြစ်သည်။ အဆိုပါသွေးရောင်ရေခဲရည်များသည် အဆိပ်အလွန်ပြင်းပြီး သံဓာတ် သိပ်သည်းမှု့မှာ အဆမတန်များပြားလွန်းလှသည် ။ ထို့အပြင် ဆာလဖာဓာတ်လည်း အဆမတန်ပါဝင်နေကြောင်းသိရသည်။ သိပ္ပံပညာရှင်များအနေဖြင့် အဆိုပါ သွေးရေတံခွန် ဖြစ်ပေါ်လာပုံအကြောင်းကို အခုထက်ထိတိကျသော အဖြေထုတ်နိုင်မှု့မရှိသေးပါ။

Magnetic Hill, Moncton, New Brunswick
ကနေဒါနိုင်ငံ နယူး ဘရွန်ဆွက်အရပ် ၊မွန်တန်မြို့နားမှာတည်ရှိတဲ့ သံလိုက်စက်ကွင်းတောင်ကုန်းလေးဟာ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်လာပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ တောင်ကုန်းလေးမှာ ဆွဲအားပြင်းတဲ့ သံလိုက်စက်ကွင်းရှိနေပြီး အဲဒီသံလိုက်စက်ကွင်းဟာ တန်ချိန်များတဲ့ လော်ရီကားတွေကိုတောင် နောက် ပြန်သွားစေနိုင်ပါတယ်။ ၁၉၃၀ ခုနှစ်လောက်မှာ စတင်သတိထားတွေ့ရှိခဲ့တဲ့ အဆိုပါ သံလိုက်စက်ကွင်း တောင်ကုန်းလေး အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေ အခုထိ ဂဃနဏ မရှင်းပြနိုင်သေးပါဘူး။


Surtsey island , Iceland
ကမ္ဘာ့မြေပုံပေါ်မှ ပေါ်လိုက် ပျောက်လိုက်ဖြစ်ေနတတ်တဲ့ အဆိုပါ မီးတောင် ကျွန်းလေးဟာ အိုက်စလန် ကျွန်းအနီးအနားမှာ တည်ရှိပါတယ် ။ အဲဒီကျွန်းလေးဟာ ၁၉၆၃ ခုနှစ်က Westman Islands တဝိုက်က ရေအောက် မီးတောင်တွေ မပေါက်ကွဲခင်အချိန်ထိ တည်ရှိမနေခဲ့ပါဘူး။ အဲဒီရေအောက် မီးတောင်တွေ ပေါက်ကွဲအပြီး ၁၉၆၇ ခုနှစ်လောက်မှာ တဖြေးဖြေးချင်း ရေပေါ်ကို ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့ ရေအောက်ထဲကို ပြန်ရောက်သွားခဲ့ပြီး နောက် ၂ နှစ်အကြာမှာ ပထမ နေရာကနေ မိုင် ၆၀ လောက် အကွာမှာ တခါထပ် ပေါ်လာခဲ့ပါတယ်။ ၁၉၉၀ လောက်မှာလည်းတခါ ရေအောက်ထဲပြန်ရောက်သွားခဲ့ပြီး နောက်၅ နှစအကြာမှာတော့ နောက်ထပ်နေရာသစ်တခုမှာ ထပ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေရာတွေ ပြောင်းပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့အတွက် ကမ္ဘာ့ ရေကြောင်းပြမြေပုံတွေထဲမှာ အဆိုပါကျွန်းကို ထည့်သွင်း ရေးဆွဲထားခြင်းမပြုပါဘူး။


သတင်းအရင်းမြစ်: Cracked
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။