ရှေးအီဂျစ်တွေဟာ ဘုရင်တွေသေပီဆိုရင် အလောင်းတွေကို မံမီလုပ်ပီး ပိရမစ်တွေထဲမှာ ထည့်ထားကြတာကို တော်တော်များများသိကြမယ်ထင်ပါတယ်။အီဂျစ်တွေဟာ ပိရမစ် တွေထဲမှာ မံမီအလောင်းတွေနဲ့အတူ ရွှေငွေကျောက်သံပတ္တမြား များစွာကိုပါ ထည့်သွင်းမြှုပ်နှံတတ်ကြပါတယ်။ သူတို့အခုလို အလောင်းကို မံမီလုပ်ပီး မြှုပ်နှံရတဲ့ အကြောင်းရင်းကတော့ သေဆုံးသူဘုရင်ဟာ တစ်ချိန်မှာ ပြန်လည်နိုးထလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖြစ်ပြီး သူတို့ပြန်မနိုးထလာခင်မှာ မံမီအလောင်းတွေ မပျက်ဆီးစေဖို့အတွက် ကျိန်စာတွေတိုက်ထားတတ်ကြပါတယ်။
အီဂျစ်တွေရဲ့ နာမည်ကြီး ကျိန်စာတွေများစွာထဲကမှ
၁။ ငါ၏ အုတ်ဂူဗိမ္မာန် ထဲသို့ ဝင်သူများသည် သေခြင်းတရားနှင့် မဆိုင်းမတွကြုံရပါစေ
၂။ ငါ၏ခေါင်းတလားကိုဖွင့်သူသည် ဘေးရောဂါကပ်ဆိုးဖြင့်ကြုံရပါစေ။
၃။ ငါ၏နိုးထခြင်းကို နှောက်ယှက်သူများသည် ရေကြီးခြင်းကပ် ရေမြင်းကဲ့သို့သောသတ္တဝါ များ
ကင်းမီးကောက် သတ္တဝါများဖြင့် ကြုံကြပါစေ။
ဆိုတဲ့ ကျိန်စာသုံးမျိုးကတော့ တော်တော်လေး နာမည်ကြီးတဲ့ ကျိန်စာတွေပဲ ဖြစ်ပါတယ်။
အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်ပေါင်းမြောက်များစွာရှိနေခဲ့တဲ့ အီဂျစ်နိုင်ငံဟာ နယ်ချဲ့တွေရဲ့ကိုလိုနီ အဖြစ်သိမ်းပိုက်ခံရတဲ့ အခါမှာတော့ နိုင်ငံပိုင် ယဉ်ကျေးမှုအမွေအနှစ်များကို နည်းမျိုးစုံဖြင့် တူးယူခြင်း ပိရမစ်တွေကို ဖေါက်ထွင်းခြင်း စတာတာတွေကိုကျူးလွန် ခံခဲ့ရခြင်းနှင့်အတူ အီဂျစ်တို့ရဲ့ ကျိမ်စာအမျိုးမျိုးကလည်း တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ကျိမ်စာသင့် သမိုင်း များစွာ ထဲကမှ Luxor မှာရှိတဲ့ အနောက်ဘက် သဲကုန်း ဘုရင့်ရွာ မှ ဘုရင် တူတန်ခမာန် (Tutankhamun) ဂူဗိမ္မာန် ကျိမ်စာဟာ ယနေ့ခေတ် အထိ လူသိများကျော်ကြားနေဆဲပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia