တစ်ချို့ တစ်ချို့သောသူတွေဟာ အလုပ်မအားတာကြောင့်ပဲ ဖြစ်ဖြစ် အရမ်းပင်ပန်းလွန်းတာကြောင့်ပဲ ဖြစ်ဖြစ် ညစာကိုနောက်ကျမှ စားဖြစ်ကြပါတယ်။

ညစာကိုနောက်ကျမှ စားတာဟာ တကယ်တော့ ကျန်းမာရေးအတွက် လုံးဝကောင်းကျိူးမရှိသလို အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာနိုင်စေပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို ညစာကို နောက်ကျမှစားရာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google

ညစာကိုနောက်ကျမှ စားတာက အစာမကြေတာကို ဖြစ်စေပီး ရင်ပြည့်ရင်ကယ် ဖြစ်စေပါတယ်။

အဓိကအားဖြင့်တော့ ညစာနောက်ကျမှ စားတာဟာ ဗိုက်ပူစေပီး ခန္ဓာကိုယ်အလေးချိန်ကို အမြန်တက်လာစေပါတယ်။

ဝိတ်တက်မှာကြောက်တဲ့သူတွေကတော့ ညစာကို နောက်ကျမှ မစားသင့်ပါဘူး။

Photo from google

ညစာကိုဘယ်အချိန်မှာ စားသုံးသင့်လဲဆိုရင်တော့ ညနေ ၆ နာရီကနေ ၇ နာရီအတွင်းမှာ စားသုံးပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

အကြောင်းအမျိူးမျိုးကြောင့် ညစာကို နောက်ကျမှ စားသုံးဖြစ်တော့မယ်ဆိုရင်လည်း အပူ အစပ်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေအပြင် အသင့်စား အစားအသောက်တွေကိုလည်း ​ရှောင်ပေးသင့်ပါတယ်။

ဖြစ်နိုင်ရင်တော့ ညစာကို အတတ်နိုင်ဆုံး နောက်မကျဘဲ စားပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Photo from google

သတင်းအရင်းမြစ်: Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


RELATED ARTICLES