ရေခဲကို အတုံးလိုက် ကိုက်စားတာဟာ ခနတော့ ရင်ထဲအေးသွားတယ်ဆိုပေမယ့် စားပါများလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
ရေခဲစားပါများပြီး အကျင့်ဖြစ်နေသူတွေဆိုရင်တော့ ပိုလို့တောင် သတိထားသင့်ပါသေးတယ်။
ဒါ့ကြောင့် ပရိသတ်တွေကို ရေခဲအတုံးလိုက် စားရာကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
ရေခဲကို အတုံးလိုက် ကိုက်စားမယ်ဆိုရင် ပထမဆုံးအနေနဲ့ကတော့ သွားတွေကို ပျက်စီးစေပါတယ်။
ဒါ့အပြင် အာဟာရဆုံးရှုံးမှုတွေကိုလည်း ဖြစ်ပေါ်စေပြီး မအီမသာဖြစ်တာကိုပါ ခံစားရစေပါတယ်။
လူအများစုကတော့ ရေခဲစားတာများပီဆိုရင် ဆီးကျင်တဲ့ဝေဒနာကိုပါ ခံစားရပါတယ်။
ဒါ့အပြင်ရေခဲကို သာမာန်ထက်ပိုပြီး စားသုံးနေခြင်းက အာဟာရ မပြည့်ဝခြင်း၊ အာဟာရ မလုံလောက်ခြင်း စတာတွေကို ခံစားနေရလို့ပဲ ဖြစ်ပါတယ်။ သံဓါတ်အားနည်းတာကြောင့်လည်း ရေခဲကို ပိုစားချင်စိတ် ဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ရေခဲစားတာဟာကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
သတင်း အရင်းအမြစ်៖ Healthline