အာဖရိက ခြင်္သေ့
အာဖရိကခြင်္သေ့တွေမှာ အံ့ြသဖို့ကောင်းတဲ့လျင်မြန်မှု၊ ဓားလိုထက်မြတဲ့ လက်သည်းစွယ်နဲ့ သွားတွေရှိပြီး သားကောင်ကို အထူးလျင်မြန်စွာတိုက်ခိုက်နိုင်ပါတယ်။ များသောအားဖြင့် အုပ်စုလိုက် အမဲလိုက်တတ်ပြီး သားကောင်ကို တစ်နာရီ မိုင် (၅၀) အမြန်နှုန်းနဲ့ ပြေးလွှားပြီး မခုန်အုပ်မီ နောက်ကနေလည်း လိုက်ချောင်းတတ်ပါသေးတယ်။

Grizzly Bear
Grizzly bear လို့သိထားကြတဲ့ ဝက်ဝံကြီးဟာ မြောက်အမေရိကတိုက်ရဲ့ အညိုရောင်ဝက်ဝံမျိုးထဲက အရောင်ကွဲ ဝက်ဝံတစ်မျိုးဖြစ်ပါတယ်။ Grizzly ဝက်ဝံတွေဟာ ကိုယ်အလေးချိန် ပေါင် (၄၀၀) မှ (၈၀၀) အထိ ရှိနေနိုင်ပြီး အထီးဟာ အမထက် (၂) ဆလောက် ပိုကြီးမားပါတယ်။ နောက်ခြေထောက်နဲ့ မတ်တတ်ရပ်လိုက်မယ်ဆိုရင် (၈) ပေလောက် အရပ်မြင့်နိုင်ပါတယ်။

ငါးမန်းဖြူ
ခန္ဓာကိုယ်အရွယ်အစားက ပျမ်းမျှ (၁၅) ပေရှည်ပြီး (၄) ပေလောက်ကျယ်ဝန်းတဲ့ မေးရိုးနှစ်ခုကြားက ချွန်မြတဲ့ သွားအချောင်းရေ (၃၀၀) နဲ့အတူ ငါးမန်းဖြူကြီးဟာ ပင်လယ်ပြင်ကို လွှမ်းမိုးနေတဲ့ သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ သူဟာ စားလို့ရတဲ့ဘာကိုမဆိုစားပြီး အစားလည်း ချေးမများတတ်ပါဘူး။ ပိန်ပြီးအရိုးများတဲ့ လူသားတွေထက် ပင်လယ်ဖျံကို ပိုနှစ်သက်ပါတယ်။

ကျွဲရိုင်း
အာဖရိကတိုက်မှာ အမဲရောင်သေခြင်းတရားလို့ ခေါ်ဆိုကြတဲ့ ကျွဲရိုင်းကြီးဟာ အဲဒီနယ်မြေမှာ အန္တရာယ်အများဆုံး တိရစ္ဆာန်တစ်ကောင်ပါပဲ။ အာဖရိကကျွဲရိုင်းတွေဟာ ဒေါသအရမ်းကြီးပြီး ခန့်မှန်းရလည်း အလွန်ခက်ပါတယ်။ ကိုယ်အလေးချိန် ပေါင် (၉၀၀) နဲ့ (၁၈၀၀) ကြားရှိပြီး များသောအားဖြင့် အုပ်စုလိုက်နေတတ်ပါတယ်။ အာဖရိကကျွဲရိုင်းအုပ်ကြီးဟာ ခြင်္သေ့တွေ၊ မိကျောင်းတွေ၊ မုဆိုးတွေဆီကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ပါတယ်။ အာဖရိကကျွဲရိုင်းကြောင့် လူသေနှုန်းဟာ နှစ်စဉ် လူ (၂၀၀) ကျော်ရှိပါတယ်။

ခြင်
ခြင်ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးသတ္တဝါတွေထဲမှာ နံပါတ်တစ်စွဲပါတယ်။ ဒီသေးငယ်တဲ့ သွေးစုပ် ကောင်လေးတွေဟာ ကမ္ဘာတဝှမ်းလုံးမှာ နှစ်စဉ် လူ (၁) သန်းကျော် သေဆုံးစေခဲ့ပြီး ဖြစ်ပါတယ်။ ခြင်ဟာ ငှက်ဖျားရောဂါအပါအဝင် လူကိုအန္တရာယ်ပြုနိုင်တဲ့ ရောဂါပေါင်းစုံကို ပျံ့ပွားစေပါတယ်။ ခြင်ဟာ ရာသီဥတုမရွေး ရှင်သန်နေထိုင်နိုင်ပြီး ရေဝပ်ရေအိုင်တွေမှာ မျိုးပွားနိုင်ပါတယ်။

သတင်းအရင်းမြစ်: SMH blog
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။