သူဌေးများသာ သောက်သုံးနိုင်မယ့် ဒေါ်လာ ၁၄၀၀၀ တန်ဖိုးရှိတဲ့ လက်ဘက်ရည်

//s9.kh1.co/bf/bffd2b1d3d62bb1a53be0c9bfd26fefa8630131f.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-သြ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ ထူးထူးခြားခြား တန်ဖိုးကြီးပစ္စည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ လက်ဘက်ရည်အိတ် အကြောင်းကို ဖော်ပြသွားမှ ဖြစ်ပါတယ်။ ဒီလက်ဘက်ရည်အိတ်က သာမန်လက်ဘက်ရည်အိတ်တွေနဲ့မတူပဲ ဘာလို့တန်ဖိုးကြ‌ီးရလဲဆိုတာကို ပရိသတ်ကြ‌ီးလည်း သိရှိချင်မယ်လို့ထင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/d1/d18fc1d853a00f35e39712447db339df7aa7b4da.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e3/e302685e8803b9fbdc6eead7441d4d498f1f1cd3.jpg

ကမ္ဘာမြေကြီးပေါ်မှာ စိန်၊ ရွှေ၊ ငွေ အစရှိတဲ့ လက်ဝတ်ရတနာများ တန်ဖိုကြီးမားတာက အထူးအဆန်း ကိစ္စမဟုတ်ပဲနဲ့ လက်ဘက်ရည် အိတ်တစ်အိတ်က အဲ့ပစ္စည်း‌ေတွနည်းတူ အဖိုးထိုက်တန် နေတာက စိတ်ဝင်စားစရာ ကိစ္စတစ်ခုလို့ ပြောရမှာပါပဲ။ ကမ္ဘာ့ဇိမ်ခံ ပစ္စည်းအမျိုးအစား စာရင်းတွေထဲမှာတောင် အသိအမှတ်ပြု ဖော်ပြခြင်း ခံခဲ့ရပါတယ်။ အဲ့လက်ဘက်ရည်အိတ်ဟာ ဘာကြောင့် အဲ့လောက်တောင် တန်ဖိုးမြင့်မားနေရတာလည်းဆိုတာကို ဆက်လက်ပြီး ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=512,h=388,q=100/e5/e57716f488913ac2862350a4358c726ef59e3fd5.jpg
https://s9.kh1.co/__image/w=650,h=434,q=100/86/861589a7ad21c468d1fba5bcac31e3e156ada9f7.jpeg

ဗြိတိန်နိုင်ငံက ပီဂျီတစ် လက်ဘက်ခြောက် ကုမ္ပဏီဟာ (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲ့ပွဲမှာ ဘူဒီး ကျောက်မျက် ရတနာလုပ်ငန်းက စိန်များစီထားတဲ့ လက်ဘက်ခြောက် အိတ်ငယ်တစ်ခုကို လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအိတ်ငယ်လေးကို လက်ဖြင့် ပြုလုပ်ထားပြီး စိန်အလုံး (၂၈၀) ထည့်သွင်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အိတ်တန်ဖိုးဟာ ဒေါ်လာ (၁၄၀၀၀) ကုန်ကျခဲ့ပါတယ်။ အင်္ဂလိပ် လူမျိုးများဟာ လက်ဘက်ရည်နှစ်သက်သော လူမျိုးများဖြစ်ကြပေမယ့်လည်း တန်ဖိုးကြီးမားလွန်းတဲ့ လက်ဘက်ခြောက် အိတ်မျိုးကိုတော့ တွေဝေခဲ့ကြရပါတယ်။

https://s9.kh1.co/__image/w=400,h=300,q=100/3a/3ab358cb9a6b224cd0f4eb1529a6d3dd0c3a6350.jpg
https://s9.kh1.co/__image/w=600,h=385,q=100/ef/efb714c643b0d2e9f7deeb8b176d1c5aaa8e8cca.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T