ပန်းပွင့်တွေနှင့်အတူရိုက်ကြလေ့ရှိတဲ့ ပို့စ်အဆန်းလေးများ

//s9.kh1.co/32/32ca0d0bbd52219f0f1d055fcd96f5e9acef9917.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-မတ်-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

ပန်းပွင့်တွေနှင့်အတူရိုက်ကြလေ့ရှိတဲ့ ပို့စ်အဆန်းလေးများ

ပန်းပွင့်တွေကို သာမာန်ကိုင်ထားတာ ပန်းခင်းမှာရိုက်ထားတာမျိုးမဟုတ်ဘဲ ထူးခြားတဲ့အိုင်ဒီယာတွေနှင့် ဖန်တီးတဲ့ပို့စ်အဆန်းတွေကိုဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=563,h=694,q=100/bf/bfe25a4ba96ed7a11ccac0f208b7076aa8ddb4a6.jpg

ပုံမှန်အားဖြင့် အပေါ်ပိုင်းဗလာနေရာကို ပန်းပွင့်တွေနှင့်ကာထားတဲ့ ဒီလို့ပို့စ်ဟာ အနုပညာရှင်တွေပဲလုပ်လေ့ရှိကြတာပါ။ နောက်ပိုင်းမှာတော့ သာမာန်မိန်းကလေးတွေကြားမှာပါနာမည်ကြီးလာပြီးတော့ ပန်းတွေနှင့်အတူလုပ်နိုင်တဲ့ ပို့စ်အိုင်ဒီယာတစ်ခုဖြစ်လာပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/64/64a6a9b9d79244b294579153575725356720c607.jpg

ဆံပင်ရှည်တဲ့မိန်းကလေးတွေလုပ်လေ့ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဆံပင်ရှည်ပေါ်မှာ ပန်းပွင့်တွေကို လှလှပပ တန်ဆာဆင်ထားတာမဟုတ်ဘဲ အဆင်ပြေသလိုအလှဆင်ထားပုံရတဲ့ ဒီလိုပို့စ်မျိုးဟာလည်း  လူငယ်အမျိုးသမီးတွေကြားမှာ နာမည်ကြီးပါတယ်။ 

https://s9.kh1.co/__image/w=563,h=788,q=100/5d/5da6d557ddb8394390283b53a3eafb19a7c69b63.jpg

ပန်းပွင့်ဖက်လေးတွေကိုကြဲတာမဟုတ်ဘဲ ပန်းအခိုင်လိုက်ကြွေကျတဲ့နေရာမှာ ဒီလိုရိုက်ထားတာကလည်း နောက်ပိုင်းမှာ ထူးဆန်းတဲ့ပို့စ်အိုင်ဒီယာတစ်ခုအနေနှင့်နာမည်ကြီးလာပါတယ်။ ပုံမှန်ပန်းတွေနှင့်ရိုက်ကူးရတာထက် ဆန်းကြယ်ပြီးတော့ ထူးခြားတဲ့ခံစားချက်ကိုပေးပါတယ်။ 

https://s9.kh1.co/__image/w=564,h=846,q=100/b0/b07afeea0bbc4b426c8c2a00a502611ea8ace387.jpg

ပန်းတွေကို မိတ်ကပ်လိုမျိုး မျက်နှာမှာကပ်ခြင်းကလည်း အရင်ကတည်းကအနုပညာရှင်တွေလုပ်ကြတဲ့ပို့စ်တစ်ခုပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သာမာန်လူတွေပါလိုက်လုပ်လာကြပြီးတော့ ဒီလိုပို့စ်တွေဟာ အနုပညာဆန်တဲ့ခံစားချက်တစ်မျိုးကိုဖြစ်ပေါ်စေပါတယ်။ 

https://s9.kh1.co/__image/w=650,h=814,q=100/e6/e696aadc0621dac45f46a834c6bb98ce1b7bb59b.jpg

မျက်နှာမပါပေမဲ့ ခြေထောက်နှင့်လက်တွေကိုပန်းတွေထိုးပြီးတော့ ရိုက်ကူးတဲ့ပို့စ်ကလည်းနာမည်ကြီးလာတဲ့ပို့စ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုဓာတ်ပုံတွေဟာ အင်စတာဂရမ်လိုမျိုး ဆိုရှယ်မီဒီယာတွေမှာအတော်လေး လူကြိုက်များမယ့်ပုံစံတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=810,q=100/c7/c7b49100ae4b252e631a2da3b236a2d5d8c6e8eb.jpg

ပန်းနှင့်ပန်းချီကိုပေါင်းထားတဲ့ခံစားချက်ရစေတဲ့ ဒီလိုပို့စ်တွေဟာလည်း အနုပညာဆန်ပြီးတော့ထူးခြားတဲ့ခံစားချက်ကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ပန်းအများစုနှင့်အရောင်ကိုလိုက်ဖက်အောင်တွဲစပ်ကြပြီးမှ ပုံရိုက်ကြတာဖြစ်ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းအများစုမှာတွေ့ရလေ့ရှိတဲ့ ပို့လည်းဖြစ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T