မြန်မာနိုင်ငံရဲ့တောင်တန်းဒေသတွေဆိုရင်လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတာတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ယခုအခါမှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြားမှ သာသနာအတွက် ရဟန်းသံဃာများ၏ ပင်ပန်းဆင်းရဲမှုတွေကိုဖော်ပြလိုက်ရပါတယ်။ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်၌ ဗုဒ္ဓဘာသာဝင် အလွန်နည်းတယ်လို့သိရပါတယ်။

သို့ပေမယ့်လည်း ဗုဒ္ဓဘာသာဝင် တစ်ဦးပင်ရှိသော်လည်း ဗုဒ္ဓမြတ်စွာ သာသနာတော်၏ သမိုင်း သာသနာတော်၏ မျိုးဆက်များ နှင့် ဗုဒ္ဓဘုရားရှင်အားဖူးမျှော်နိုင်ရန်ရည်ရွယ်ချက်ကြောင့်ယခုလို သယ်ယူပို့ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်သို့ တောင်တန်းဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ့်ကြားမှ ဗုဒ္ဓဘုရားရှင် ဆင့်တုတော်အား လမ်းပန်းခက်ခဲမှုကြားမှ ပင်းဆောင်သာသာနာပြုနေသောရဟန်းသံဃာဆရာတော်များ၏ ဓာတ်ပုံများကိုတော့ ပရိသတ်တွေမြင်တွေ့ရမှာပါ။

ဘုရားဆင်းတု ရုပ်ပွားတော်သုံးဆူကို လွှာရွာ ထေရဝါဒ .သာသနာပြုကျောင်းတော်၌ ခြေလျင် လက်တွန်းလှည်း ဆိုင်ကယ်များဖြင့် တစ်ရက်ကို ခြောက်နာရီကျော်ကြာ နှစ်ရက်ဆက်တိုက် ခက်ခက်ခဲခဲ ပင့်ဆောင်တော်မူကြရတယ်လို့သိရပါတယ်။ ချင်းတောင်တန်း သာသနာပြုရဟန်းများ၏ သာသနာပြုပုံရိပ်များပရိသတ်တွေ တင်ပေးလိုက်ရပါစေ။

သတင်းအရင်းအမြစ်-Myanmar Media Zone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။