ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် တရားမဝင်သစ်များ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။အဆိုပါ ရေတာရှည်မြို့နယ်ဟာ ရိုးမသစ်တော ကြိုးဝိုင်းများနှင့် ဆက်စပ်လျက် ရှိတာကြောင့် တရားမဝင်သစ်ခိုးထုတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ပွင့် လင်းရာသီ တစ်လျှောက် တရားမဝင်သစ်ခိုးထုတ်မှုများ ကျဆင်းစေရန် ဒေသခံပြည်သူများနဲ့ ပူးပေါင်းပြီး မကြာခဏ ဖမ်းဆီးရမိလျက်ရှိတာပဲဖြစ်တယ်လို့ မြို့နယ် သစ်တောဦးစီးဌာနရုံးမှသိရပါတယ်။ 

ယခုဖြစ်စဉ်မှာလည်း မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးကျော်ဆန်းမိုးနှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သို့ ဒေသခံပြည်သူ များရဲ့သတင်းပေးကူညီမှုအရ သိရှိခဲ့ရပြီး ဖမ်းဆီး ခဲ့တာပဲဖြစ်ပါတယ်။ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများနဲ့ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးကျော်ဆန်း မိုး ဦးစီတဲ့အဖွဲ့ဟာ မိုးဘိနစယ်၊ အနောက်ဆွာတိုးချဲ့ ကြိုးဝိုင်း အတွင်းသွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ အဆိုပါ တရားမဝင်သစ်တန်(၄၀)ကျော်ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။ 

ကျွန်းခွဲ သား ဆိုက်စုံ ၁၃၄ ချောင်း (ဝ ဒသမ ၈၃၁၈)တန်၊ ကျွန်းသစ် ၃၃ လုံး ၁၂ ဒသမ ၈၆၅ တန်၊ ပျဉ်းကတိုးသစ် အလုံး ၁ဝဝ (၃၂ ဒသမ ၅၁၉ တန်) စုစုပေါင်း ၄၆ ဒသမ ၂၁၅၈ တန်အား ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ရေတာရှည်မြို့နယ်ရဲစခန်းမှ အရာရှိတစ်ဦးကပြောပါတယ်။လက်ရှိမှာတော့ တရားမဝင်သစ် လုပ် ကိုင်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။