ဖေဖော်ဝါရီလ(၂၅)ရက်နေ့၊ညနေပိုင်းအချိန်၊ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးအိုင်အတွင်း စက်လှေတစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါစက်လှေဟာ အင်းတော်ကြီးရေလယ် ဘုရားသို့ ဘုရားဖူးလာခဲ့တာဖြစ်ပြီး အပြန်တွင် အခုလိုတိမ်းမှောက်မှုုဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ စက်လှေပေါ် မှာတော့ အင်းတော်ကြီးအိုင် အရှေ့ဘက်ကမ်းရှိ လုံးစန့်အလကကျောင်းမှ ကျောင်းသူကျောင်းသား (၁၅)ဦး နဲ့ စက်လှေမောင်းသူအပါအဝင် စုစုပေါင်း(၁၈)ဦး လိုက်ပါစီးနှင်းလာခဲ့တာဖြစ်ပြီး အဆိုပါစက်လှေတိမ်းမှောက်မှု ဖြစ်စဉ်ကြောင့်သေဆုံးသူများနဲ့ ပျောက်ဆုံးသူများလည်း ရှိနေတယ်လို့သိရပါ တယ်။

အဆိုပါ စက်လှေဟာ အင်တော်ကြီးရေလယ် ဘုရားမှအပြန် ရုတ်တရက်လေမုန်တိုင်းကျရောက်တာကြောင့် စက်လှေမှောက်သွားခဲ့တာပဲဖြစ်ပါတယ်။စက်လှေတိမ်းမှောက်ခဲ့မှုဖြစ်စဉ်ကြောင့် စက်လှေပေါ်တွင်လိုက်ပါလာ သူ(၁၈)ဦးနက် (၉)ဦးကိုသာ ရှာဖွေဆယ်ယူကယ်တင်နိုင်ခဲ့ပြီ ကျန်တဲ့သူတစ်ဝက်ခန့်လောက် ပျောက်ဆုံးနေဆဲ ပဲလို့ သိရပါတယ်။လက်ရှိမှာတော့ ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေကယ်ဆယ်မှုတွေပြုလုပ်နေပြီး ကယ်ဆယ်ရရှိထားတဲ့ လူတွေကိုတော့ လုံးတုံတိုက်နယ်ဆေးရုံတွင် ဆေးကုသမမှုများ ပြုလုပ်ပေးနေတယ် လို့သိရပါတယ်။ 

လက်ရှိပျောက်ဆုံးနေသူတွေထဲမှာတော့ ရှစ်တန်းကျောင်းသူ (၇)ဦးနဲ့ ရှစ်တန်းကျောင်းတစ်ဦးပါဝင်နေတယ် လို့မြို့နယ်ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းများအရသိရပါတယ်။ထို့အပြင် စက်လှေမောင်းသူရဲ့ သမီး(အသက်၂၀) ဖြစ်သူ မ…… လည်းပျောက်ဆုံးနေတယ်လို့ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှအရာရှိတစ်ဦးကပြောပါတယ်။ပျောက်ဆုံးနေသူ များကိုလည်း အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်စေဖို့ အင်းတော်ကြီးအိုင်အတွင်း ရဲအင်အား အမြောက်အများနဲ့ ပက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - ဇော်မိုးထက်(ဖားကန့်) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။