သင့်အနေနဲ့ ခရီးသွားလို့ကောင်းမယ့် ကမ္ဘာ‌ေပါ်ကနာမည်ကြီး နေရာများ

//s9.kh1.co/47/479ba882ecbaf95cd85188b9a1b540a9818aa414.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ လှပတဲ့နေရာတွေအများကြီးရှိတာကို ပရိသတ်ကြီးသိရှိကြမှာပါ။ လှပတဲ့ နေရာတွေများလွန်းလို့ ပရိသတ်ကြီး ဘယ်သွားရင်ပိုကောင်းမလဲဆိုတာ ခုဖော်ပြသွားမဲ့နေရာတွေကို ကြည့်ရှူလိုက်ပါအုန်း။ Cairo မှာရှိတဲ့ Pyramids of Giza ဆိုတဲ့နေရာကတော့ ပူပြင်းတဲ့ သဲကန္တရဆိုပေမဲ့ ခရီးသွားတွေကို ဗဟုသုတတွေနဲ့ စိတ်ဝင်စားစရာတွေ ပေးတဲ့နေရာဖြစ်တာမို့သွားလည်လို့ကောင်းပါတယ်။ Taj Mahal ဆိုရင်လဲ ပရိသတ်ကြီး သိတဲ့အတိုင်း ခရီးသွားတွေနဲ့ ပြည့်နှည့်လေ့ရှိပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/8d/8d6cd73a13846b1baed722bb2ec9b86f9eba2f27.jpg
https://s9.kh1.co/__image/w=600,h=337,q=100/5b/5b7c1e34b3c14db4a14993a9e8561564cc48bbe6.jpg

Jamaica မှာရှိတဲ့ Dunn’s River Falls ဆိုရင်တော့ များပြားလှတဲ့ ခရီးသွားတွေနဲ့ ပြည့်နှက်လေ့ရှိပါတယ်။ ရေတံခွန်တစ်ခုဖြစ်ပြီး တောထဲမှာဆိုတော့ တော်တော်လေးကို အေးချမ်းတဲ့နေရာလေးဖြစ်ပါတယ်။ ပုံထဲမှာ ပရိသတ်ကြီးတွေ့တဲ့အတိုင်းပါပဲ များပြားလှတဲ့ ခရီးသွားတွေနဲ့ ပြည့်နှက်နေပါတယ်။ Venice က St. Marks Square ကတော့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့နေရာဖြစ်ပြီး သွားရောက်ဖူးတဲ့သူတွေအတွက်တော်တော်ကို အကျိုးရှိတယ်လို့ခံစားရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=338,q=100/2c/2cc20cad5f2f53e399d5eb3c7e72dc25830a6353.jpg
https://s9.kh1.co/__image/w=600,h=422,q=100/34/34685d024393569aadf6417e62d5d0a3704f59bb.jpg

Tower of London ကတော့ နှစ်၁ထောင်သက်တမ်းရှိပြီဖြစ်ကာ လူတော်တော်များများရဲ့စိတ်ဝင်စားရာ နေရာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Crown Jewels ပဲဖြစ်ကာ အဲ့အရာက ခရီးသွားတွေကို လာချင်စိတ်ရှိအောင်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ နယူးယောက်မြို့ရဲ့ Time Square ကတော့ အလိုလိုနေရင်း သွားချင်တဲ့နေရာဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ သွားလည်ချင်မယ်လို့ထင်ပါတယ်...ဘာလို့လဲဆိုတော့ ပြောမပြတတ်တဲ့ မြို့အလှအပတရားတွေရှိလို့ဖြစ်ပါတယ်။ တခြားသော လူသွားများတဲ့ နေရာတွေလဲရှိပါတယ်။ 

https://s9.kh1.co/__image/w=600,h=300,q=100/e7/e7f938f348e246c246a5d143b235279296bfcc93.jpg
https://s9.kh1.co/__image/w=600,h=401,q=100/95/95a2a165095a1c4adc726b665efa5180f1fe2932.jpg

သတင်း အရင်းအမြစ်List 25

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T