ကမ္ဘာပေါ်မှာ လျှာအရှည်ဆုံးအဖြစ် သတ်မှတ်ခံရတဲ့ အမျိုးသမီး

//s9.kh1.co/d5/d5661e1ca21cd1a19bd5b861092f6dfc56985ec0.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာ့ လျှာအရှည်အဆုံး လူသားဟာ အသက် ၁၈ နှစ်အရွယ် သာရှိသေးတဲ့ ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဖြစ်နေတာကို တရားဝင်ဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားနေကြပါတယ်။ လျှာရှည်တယ်ဆိုတာ စကားများတာကို ပြောတာမဟုတ်ပါဘူး။ စကားပြောတဲ့ လျှာရဲ့အလျှားအရှည် ကိုပြောတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=337,q=100/5f/5fe376f8008bfa1caf873614b57046949e8b35ec.jpg
https://s9.kh1.co/__image/w=600,h=450,q=100/cd/cd4b4912ec5acf83380f682aa9ad455acc9e7b79.jpg

နစ်စတိုဘာလ်ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ လျှာဟာ ၃.၉ လက်မအထိ ရှည်လျှားတာကြောင့် လောလောဆယ်မှာ ကမ္ဘာ့အရှည်ဆုံး လျှာပိုင်ရှင်ဖြစ်နေပါတယ်။ သူမရဲ့ရှည်လျှားတဲ့ လျှာတွေကိုအသုံးပြုပြီး အထူးအဆန်း လုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေကို youtube ပေါ်မှာ တင်ရာကတဆင့် နစ်ဟာ ပရိသတ်အတော်များလာခဲ့ပြီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/81/81d5f00802653448350a77ded4eabbb19674471c.jpg
https://s9.kh1.co/__image/w=600,h=400,q=100/88/88bd384768cc7bdd8cd65692c7f1d9d4c76f73b0.jpg

၄ လက်မနီးပါးရှည်လျှားတဲ့ သူမရဲ့လျှာဟာ ကိုယ့်မေးစေ့ကို ကိုယ်ပြန်ထိလို့ရပါတယ်။ ဒါတင်မက သေးပါဘူး။ နှာခေါင်း၊ တံတောင်ဆစ်နဲ့ ကိုယ့်မျက်လုံးကိုတောင် လျှာနဲ့ ပြန်ထိနိုင်လောက်အောင် ရှည်လျှားပါတယ်။ သူမအမေပြောတာကတော့ သူမလျှာရှည်တာဟာ မျိုးရိုးလိုက်သွားတာဖြစ်ပြီး သူမအဘိုး၊ အဘွားတွေလည်း သာမန်လူတွေထက် ရှည်လျှားတဲ့လျှာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။  

https://s9.kh1.co/__image/w=600,h=400,q=100/de/debf9c3a7987a634ee6cbbb506cf7e2536237ff2.jpg
https://s9.kh1.co/__image/w=600,h=337,q=100/61/614c87b6961d8d3a4d99b690b26632f06082130b.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T