ချစ်သူရည်းစားအချင်းချင်း နှုတ်ခမ်းကို နမ်းကြတာဟာ ရှက်စရာကိစ္စတစ်ခုမဟုတ်သလို ကဲ့ရဲ့ရှုံ့ချစရာ ကိစ္စတစ်ခုလည်းမဟုတ်ပါဘူ။သုတေသီတွေဟာဆိုရင် ချစ်သူရည်းစားအချင်းချင်း နှုတ်ခမ်းကို 10 စက္ကန့်ကြာအောင် နမ်းလိုက်တိုင်းမှာ ဗက်တီးရီးယားကောင်ရေ သန်း80 လောက်ဟာ တစ်ဦးမှ တစ်ဦးထံသို့ ရောက်ရှိသွားကြောင်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်နမ်းရှိုက်ပေးတာဟာ အကျိုးပြုစေတဲ့ ဗက်တီးရီးယားပိုး ရှိသူအချင်းချင်းဆိုရင် ကိုယ်ခံအားကိုပိုကောင်းလာစေနိုင်ပါတယ်။နှုတ်ခမ်းကို နမ်းရှိုက်ရာကနေ နောက်ထပ် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ခန္ဓာကိုယ်တွင်းက သွေးဖိအားတွေကို လျော့ကျစေသလို တံတွေးထွက်မှု ပိုများတာကြောင့် ခံတွင်းအတွက် အထောက်အကူဖြစ်စေပါတယ်။ဒါ့အပြင် ကောင်းမွန်တဲ့ ဟော်မုန်းတွေကိုဖြစ်ပေါ်စေသလို ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။
နှုတ်ခမ်းကိုနမ်းရှိုက်တာ မိမိကိုယ်ကို အားရကျေနပ်မှုကိုလည်း မြင့်မားစေသလို ချစ်ရသူအပေါ် နားလည်ပေးနိုင်မှု စွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။အဲ့တော့ ချစ်သူရည်စားအချင်းချင်း တစ်ယောက်နှစ်ခမ်း တစ်ယောက်နမ်းတာက ရှက်နေစရာ ကိစ္စမဟုတ်သလို ကောင်းကျိုးတွေလည်း များစွာရရှိစေတယ်ဆိုတာကို သိရှိကြပြီလို့ ထင်ပါတယ်။
သတင်း အရင်းအမြစ်៖ Daily Star