ကမ္ဘာပေါ်မှာရှိကြတဲ့ လူသားတွေများစွာထဲမှာမှ သာမန်နဲ့မတူတဲ့ စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့လူတွေလည်းများစွာရှိကြပါတယ်။ထိုသူတွေများစွာထဲမှာမှ ပရိတ်သတ်တွေကို Stephen Wiltshire လို့ခေါ်တဲ့လူတစ်ယောက်ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်။
Stephen Wiltshire ကတော့ ၁၉၇၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လန်ဒန်မြို့မှာမွေးဖွားခဲ့တဲ့ ဗိသုကာပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူရဲ့ထူးခြားချက်ကတော့ အချိန်ခဏလေးမြင်တွေ့ရတာနဲ့ သူမြင်တွေ့ခဲ့ရတဲ့ဟာတွေကို တစ်ပုံစံထဲမလွဲအောင်ဆွဲပြနိုင်သူတစ်ဦးဖြစ်ပါတယ်။ ၎င်းဟာနယူးယောက်မြို့နဲ့ လန်ဒန်မြို့ကို လေယာဉ်ပေါ်ကနေ မိနစ် ၂၀ လောက်သာမြင်တွေ့ခဲ့ရပေမယ့် တစ်ပုံစံထဲမလွဲအောင်ပြန်လည်ဆွဲပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Stephen Wiltshire ရဲ့မှတ်ဉာဏ်နဲ့အနုပညာဟာ သာလွန်ထူးကဲနေတာကြောင့် လူသားကင်မရာ လို့တောင်တင်စားခေါ်ဝေါ်ခံရသူတစ်ဦးလဲဖြစ်ပါတယ်။ယခုအချိန်မှာဆိုရင် အသက် ၄6 နှစ်ပြည့်ခါနီးပြီဖြစ်တဲ့ Stephen Wiltshire ဟာဆိုရင် MBE ဆုအပါအဝင် အခြားဆုတံဆိပ်ပေါင်းများစွာကိုရယူပိုင်ဆိုင်ထားနိုင်တဲ့ ထူးကဲတဲ့လူသားတစ်ဦးဖြစ်တာကြောင့်ပရိတ်သတ်တွေအတွက်သူဖန်တီးထားတဲ့ အနုပညာလက်ရာတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia