လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ ညဘက်မှာအိပ်ရေးပျက်တဲ့ ဝေဒနာကိုခံစားနေကြပါတယ်။
တစ်ပါးသူရဲ့ ပရောဂကြောင့်ပဲ ဖြစ်ဖြစ် မိမိကိုယ်တိုင်အိပ်မပျော်လို့ပဲ ဖြစ်ဖြစ် အိပ်ရေးပျက်တာများလာပီဆိုရင် လူကနေထိုင်ရတာလန်းလန်းဆန်းဆန်း မရှိတော့သလို အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ဒါ့ကြောင့် ပရိသတ်တွေကို အိပ်ရေးပျက်ပီဆိုရင် လုပ်သင့်တဲ့ အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။
ညကအိပ်ရေးပျက်ထားပီဆိုရင် မနက်အိပ်ရာနိုးတာနဲ့ နေရောင်ခြည်ကို ခံယူပေးပါ။ နေရောင်ခြည်ကိုခံယူတာက စိတ်ကိုလန်းဆန်းစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ အိပ်ရေးပျက်ပီး လူမလန်းလို့ဆိုပြီး ကော်ဖီတွေအများကြီး မသောက်ပါနဲ့။ ကော်ဖီတွေအများကြီးသောက်တာက စိတ်ကိုပိုဆတ်လာစေပြီး ခေါင်းပါကိုက်လာနိုင်ပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ အိပ်ရေးပျက်တာများရင် ရေဓာတ်ဆုံးရှုံးတတ်တာကြောင့် ရေကိုများများသောက်ပေးပါ။
အစားကိုလည်း အရမ်းမစားပဲ တော်သင့်သလောက်ပဲစားပေးပါ။
နောက်တစ်ချက်အနေနဲ့ကတော့ ညကအိပ်ရေးပျက်လို့ဆိုပီး အရမ်းနောက်ကြမှ အိပ်ယာမထပဲ တော်သင့်သလောက်ပဲအိပ်ပီး နေ့ခင်းမှ တရေးလောက်ပြန်အိပ်ပေးပါ။
နောက်ဆုံးအနေနဲ့ကတော့ အိပ်ရေးပျက်ထားတဲ့အချိန်မှာ အရက်သေစာ သောက်စားတာမျိုးမလုပ်ပါနဲ့။ ဒါကသင့်ကို ခနလောက်သာအဆင်ပြေစေပြီး ခေါင်းပိုကိုက်လာစေပါလိမ့်မယ်။