နှစ်ပေါင်း ၃၀ထိ မအိပ်ပဲနေလာသူနှင့် အခြားထူးဆန်းသော လူသားများ

//s9.kh1.co/7d/7de17edf2aeb7baf3745b20994fb0037a534c901.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ထူးခြားဆန်းပြာတာတွေကို ပြလုပ်လေ့ရှိကြတဲ့လူတွေဟာ ဒီကမ္ဘာကြီးပေါ်မှာ မယုံနိုင်လောက်အောင် ရှိနေကြပါတယ်။ သူတို့အနေနဲ့ သာမန်လူတွေမလုပ်နိုင်တာတွေကိုပြုလုပ်လေ့ရှိပြီး လူတချိူ့ကတော့ အထူးအဆန်း ဗီဇတွေပါလာတက်ပါတယ်။ နှစ် ၃၀ လောက်မအိပ်ပဲ နေတဲ့သူရှိသလို တခြားသော အံ့ဩစရာကောင်းတဲ့ လူတွေအကြောင်း သိချင်ရင်တော့ ဆက်ဖက်ကြည့်လိုက်ပါ။

Ngoc

https://s9.kh1.co/__image/w=650,h=325,q=100/70/7053060646771e1e57d61ff98f6ffba25d94fbc2.webp

Vietnam လူမျိုးဖြစ်တဲ့ Ngoc နဲ့ပတ်သတ်ပြီး ထူးဆန်းတာကတော့ သူဟာ နှစ်၃၀လုံး မအိပ်ပဲနေလာတဲ့သူဖြစ်ပါတယ်။ သူအိပ်မပျော်နိုင်တာဟာ ပုံမှန်အားဖြင့် Insomnia ကြောင့်ဖြစ်ပေမယ့် သူအနေနဲ့ တခြားသာမန်လူတွေလို ပြုမှုလုပ်ဆောင်နိုင်နေတာပါပဲ။ သာမန်လူတွေထက်လည်း လယ်အလုပ်ကုိ ပိုလုပ်နိုင်ပါတယ်။ သူအနေနဲ့ နှစ်၃၀လောက် ဆေးအကူအညီမလိုပဲနေနိုင်လာသူဖြစ်ပြီး သာမန်အားဖြင့် အခုလို အချိန်ကြာကြာမအိပ်ပဲနေရင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။ 

Mehran Karimi Nasseri

https://s9.kh1.co/__image/w=650,h=431,q=100/6a/6a2dcf3803f401bbc9f841af73b9f2343facacb1.webp

Mehran Karimi Nasseri ဆိုသူက‌တော့ ‌၁၉၈၈ခုနှစ်ကတည်းက လေဆိပ်မှာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ Charles de Gaulle ဆိုတဲ့လေဆိပ်မှာ Nasseri ရဲ့ကိုယ်ပိုင်နေရာရှိပါတယ်။ မင်းသားကြီး Tom Hanks သရုပ်ဆောင်ရိုက်ကူးထားတဲ့ Terminal ရုပ်ရှင်ဟာလည်း Mehran Karimi Nasseri ရဲ့အကြောင်းကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူရဲ့စာရွက်စာတမ်းတွေနဲ့ပတ်သတ်ပြီး ပြဿနာရှိခဲ့တာကြောင့် လေဆိပ်မှာနေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါဘူး။ စကားအပြောအဆိုလည်း နည်းသူတစ်ယောက်ဖြစ်ပါတယ်။

Timothy Dumouchel

https://s9.kh1.co/__image/w=650,h=366,q=100/53/538e3f8f6f88961ca79ae4919e2c60092349327d.webp

အမေရိကန်မှာရှိတဲ့ လူတွေအနေနဲ့ တရားရုံးကို အကြောင်းပြချက်အမျိုးမျိုးဖြင့် တရားဆွဲနိုင်ပါတယ်။ ဘယ်လောက်ပဲ ထိုကိစ္စဟာရယ်ချင်စရာပဲဖြစ်ဖြစ် သေးငယ်တာပဲဖြစ်ဖြစ် တရားရုံးမှာ တိုင်လို့ရပါတယ်။ အဲ့လိုတရားစွဲသူတွေထဲမှာ Timothy Dumouchel ဆိုသူကတော့ ထူးဆန်းစွာပဲ TV company တစ်ခုကို တရားဆွဲခဲ့ပါတယ်။ အကြောင်းကတော့ သူ့မိန်းမကို ပျင်းစေပြီး ၀စေတာကြောင့်ပါပဲ။ သူဟာတရားသူကြီးကို " ဆိုဖာပေါ်မှာ အချိန်ကြာမြင့်စွာထိုင်ပြီး TV ကြည့်တာက ကျွန်တော့်မိန်းမကို၀စေပါတယ် " ဆိုပြီး TV Company ကို စောဒကတက်ခဲ့ပါတယ်။ လူတွေဟာ အထိုင်များရင် ၀တက်ကြ စမြဲပါ။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T