ဝိုင်ကနေမတော်တဆ ဖြစ်လာတဲ့ Coca Cola နှင့် ယနေ့လူကြိုက်များနေသော အစားအသောက်များ

//s9.kh1.co/28/284802cf85be1a0e39066b02200333f28708ba07.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ခါက အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Mark Tawin ဟာ " မတော်တဆဆိုတာဟာ တီထွင်ကြံဆသူတွေအတွက် သုံးလို့အကောင်းဆုံး စကားလုံးပါပဲ " လို့ ဆိုခဲ့ဖူးပါတယ်။ ဒီစကားတကယ်လည်း မှန်ကန်ပြီး ကမ္ဘာ့သမိုင်းအားလုံးထဲက ဘ၀ကိုပြောင်းလဲသွားစေနိုင်ခဲ့တဲ့ တီထွင်ကြံဆမှုများစွားဟာ မတော်တဆမှုကနေ စတင်ဖြစ်ပေါ်လာကြတာပါ။ အဲ့လိုတီထွင်မှုတွေမှာ X-ray စက်၊ Safety Glassနဲ့ မိုက်ကရိုဝေ့မီးဖို စတာတွေပါ၀င်ကြပါတယ်။ အခုချိန် ကိုယ်စားသောက်နေတဲ့ အစားအသောက်တွေထဲကရော ဘယ်အစာအစား‌တွေကရော မတော်တဆမှုကနေဖြစ်ပေါ်လာလဲဆိုတာကတော့ ဆက်လက်ဖက်ကြည့်လိုက်ပါအုန်း။

အာလူးကြော်

https://s9.kh1.co/__image/w=650,h=488,q=100/d6/d6c1a891997f5af78849a649ddf230b28a803faf.jpg

၁၈၅၃ခုနှစ်က Chef George Crum ဟာ အားလူကြော်ကိုစတင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာလူးကြော်ရဲ့ ဇာတ်လမ်းလေးကတော့ တစ်နေ့မှာ သူ့ကို စားသုံးသူတစ်ယောက်က အာလူးတွေကိုအထပ်ထပ်အခါခါ လှီးဖြတ်ပြီး ကြော်ထားပေမယ့် ထူနေတုန်းပဲလို့ စောဒကတက်ခဲ့ပါတယ်။ အဲ့နောက်သူလည်း အာလူးတွေကို အတက်နိုင်ဆုံး ပါးပါးလေးလှီးကာ ဆားနဲ့ကြော်ပြီး သူရဲ့ Customer ကိုပေးလိုက်တဲ့အခါမှာ အကြိုက်တွေ့သွားတာကနေ အား‌လူးကြော်‌ဆိုတာဖြစ်ပေါ်လာခဲ့ပါတယ်။

ဘီယာ

https://s9.kh1.co/__image/w=650,h=464,q=100/c8/c8d351d33de001d90aa57973f8a6f61ec7d5ab16.jpg

ဘီယာကို လွန်ခဲ့သော နှစ်‌တစ်ထောင်‌က ရှေ့ဟောင်းနယ်မြေဖြစ်တဲ့ Mesopotamians မှာ စတင်တွေ့ရှိခဲ့တယ်လို့ ပြောကြလေ့ရှိပါတယ်။ ဖြစ်ပေါ်လာပုံကတော့ အဲ့တုန်းကလူတွေဟာ သူတို့ရဲ့‌ပေါင်မုန့်အတွက် စပါး‌ကို သိုလှောင်ထားဖို့ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့သိုလှောင်ထားတဲ့နေရာက စိုစွတ်တာကြောင့် စပါးတွေကို အချဉ်ဖောက်စေခဲ့ပါတယ်။ တချို့သောသူတွေအတွက် အရသာစမ်းဖို့ သတိရှိခဲ့တာကြောင့် ထိုအရည်ကိုသောက်သုံးခဲ့ရာ ဘီယာဆိုတာဖြစ်ပေါ်လာခဲ့ပါတယ်။

Coca cola

https://s9.kh1.co/__image/w=650,h=434,q=100/a3/a3896ee3e1e9c430dd11dab2f1765fbe5d1b9041.jpg

အမေရိကန်ဆေးဝါးဆရာတစ်ယောက်ဖြစ်တဲ့ John Stith Pemberton ဟာ Coca cola ကို Atlanta မှာ ၁၈၈၆ခုနှစ်တုန်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Pemberton ဟာ Columbus စစ်ပွဲအတွင်းမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် မော့ဖင်းအပေါ်ကို စွဲလမ်းသွားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ရုပ်ရှင်းကားတွေထဲမှာ စစ်သားတွေ ဒဏ်ရာရရင် မော့ဖင်းသုံးကြတာကိုတွေ့ရှိကြရမှာပါ။ သူရဲ့စွဲလမ်းမှုကိုဖျောက်ဖို့အတွက် Pemberton ဟာ Painkiller ဆိုတဲ့ဆေးကို အကြိမ်ကြိမ့်လေ့လာ စမ်းသပ်ခဲ့ပါတယ်။ သူလိုချင်တဲ့ ဆေးက မှုးယစ်ဆေးဝါးမပါပဲ စွဲလမ်းစေမယ့်ဆေးတစ်မျိုးပါ။ စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် သူဟာ Coca ရွက်ကနေ အရည်တစ်မ‌ျိုးကို ပြုလုပ်နိုင်ခဲ့ပြီး Coca Wine ဖြစ်လာစေခဲ့ပါတယ်။ အဲ့နောက်သူဟာ Pemberton’s French wine coca ဆိုတဲ့နာမည်နဲ့ ထုတ်လုပ်ခဲ့‌‌ေပမယ့် ၁၈၈၆ခုနှစ်မှာ အရက်ကို တားမြစ်ထားတာကြောင့် အရက်မပါတဲ့ ပုံစံတစ်မျိုးနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အဲ့တာကတော့ ယနေ့လူသိများကြတဲ့ Coca-Cola ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=372,q=100/1c/1c9162895df99121df047189c3e48faf1f98cf32.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T