ပိုကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်ရဖို့အတွက် သေချင်ယောင်ဆောင်ခဲ့ကြပေမယ့် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရသူများအကြောင်း

//s9.kh1.co/c3/c3a5dfe18c4f14e4f785faf06d86c1d05ecebcc3.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူ့ဘ၀ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ ဘယ်သူမှလည်း မသေချင်ကြပါဘူး......ဒါပေမယ့် လူတော်တော်မ‌ျားများကတော့ သေဆုံးပြီးရင် ခုဘ၀ထက်ပိုကောင်းမယ့် ဘ၀ကို လိုချင်တက်ကြပါတယ်။ ခုဖော်ပြမယ့်သူတွေကလည်း သူတို့ရဲ့အခက်အခဲ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သေချင်ယောင်ဆောင်ပြီး ဘ၀သစ်ရရှိဖို့ မျှော်လင့်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။

John Darwin

https://s9.kh1.co/__image/w=500,h=333,q=100/9e/9e3170ec3468d56f1ddb275fc4ba9b9f5e43914a.webp

John ဟာ အကြွေးများနဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ထောင်အရာရှိတစ်ယောက်လည်းဖြစ်ပါတယ်။ အကြွေးများနဲ့မို့ သူဟာအဲ့ဒီအခြေအနေကနေ ရုန်းထွက်ဖို့ သူ့မိန်းမအကူအညီနဲ့ ၂၀၀၂ခုနှစ် မတ်လ ၂၁ရက်နေ့မှာ သေချင်ယောင်ဆောင်ခဲ့ပါတယ်။ သေဆုံးမှုကိုတော့ သူဟာ ပင်လယ်ထဲသွား‌ရင်း ရေနစ်သေတယ်ဆိုပြီး သူ့မိန်းမက ပြောခဲ့ပါတယ်။ အဲ့အခါမှာတော့ အာမခံငွေတွေကို သူ့မိန်းမကရရှိခဲ့ကာ အကြွေးပေးခဲ့ပြီးနောက်မှာ ဘ၀သစ်ကိုစတင်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဒီဇင်ဘာ၁ရက်နေ့မှာ Johnဟာ ရဲစခန်းတို့ရောက်လာပြီး သူ့မှတ်ဉာဏ်တွေပျောက်ဆုံးကုန်ပြီ ဖြစ်ကြောင်‌းပြောပြခဲ့ပါတယ်။ ရဲတွေစုံစမ်းလိုက်တဲ့အခါမှာတော့ သူလိမ်နေတယ်ဆိုတာသိခဲ့ပြီး သူ့မိန်းမနဲ့တစ်ချိန်လုံးရှိနေခဲ့တယ်ဆိုတာ သိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/e7/e7820c755cfefcd3229cd438ab2a7fe61501aea1.jpg

Anna Gray

https://s9.kh1.co/__image/w=500,h=333,q=100/d7/d7cdd9078ccc17cb925178e9159bf88500b2dd64.webp

Anna Gray ကတော့ Online ပေါ်မှာ ရည်စားထားခဲ့တာကနေ စပါတယ်။ တခါတလေမှာတော့ သူမဟာ ရည်စားထားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုပြီး တွေးမိပါတယ်။ ဒါကြောင့်ပဲသူမဟာ ထိုလူနဲ့ လမ်းခွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးဖြစ်သူအနေနဲ့ လမ်းမခွဲနိုင်ဖြစ်တာကြောင့် " ညကျရင်ငါတို့တွေ့ရအောင် .... ပြီးတော့ နောက်မိနစ် ၃၀အတွင်း နင့်အိမ်နားကို လာခဲ့မယ် " ဆိုပြီးပြောခဲ့ပါတယ်။ Anna ဟာလည်းကြောက်လန့်ပြီး သူ့ညီမလို သရုပ်ဆောင်လိုက်ပါတယ်။ အဲ့လူရောက်လာတဲ့အချိန်မှာတော့ Annaက ဖျားနေလို့ဆေးရုံးမှာဆိုပြီး သူမကပြောခဲ့ပေမယ့် ကောင်လေးအနေနဲ့ အတင်း၀င်ဖို့ကြိုးစားရာ သူမဟာ Anna သေပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။ အဲ့နောက်ကစပြီး ကောင်လေးဖြစ်သူအနေနဲ့ သူမဆိကိုစာမပို့တော့သလို လာလည်းမလာတော့ပါဘူး။ လအနည်းငယ်ကြာပြီးနောက်မှာတော့ ကောင်လေးဟာ Annaကို တခြား Dating Websiteမှာ ပြန်တွေ့ခဲ့ပါတယ်။ အဲ့နောက်မှာတော့ မထင်မရှားလူသတ်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

Lord Lucan

https://s9.kh1.co/__image/w=500,h=333,q=100/16/16dbc88bb082085a55703075a97f3c16ec1eb87d.webp

Lord Lucan ရဲ့ အမည်ရင်းကတော့ Richard John Bingham ဖြစ်ပြီး သူ့ကို ၁၉၃၄ခုနှစ် ဒီဇင်ဘာ ၁၈ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၄ခုနှစ် နို၀င်ဘာလ ၇ရက်နေ့ညမှာ သူဟာမိန်းမဖြစ်သူအစား အိမ်အကူဖြစ်တဲ့ Sandra Rivett ကိုမှားပြီးသတ်ခဲ့မိပါတယ်။ သူအမှားကြီးလုပ်မိပြီးနောက်မှာတော့ သူ့သူငယ်ချင်းစီသွားခဲ့ကာ သူငယ်ချင်းဖြစ်သူကလည်း သူ့မှာအပြစ်မရှိဘူးထင်ခဲ့ပါတယ်။ Lucanဟာ သူ့ရဲ့ကားကို ကမ်းစပ်မှာထားခဲ့ပြီး ကိုယ့်ကိုကိုသေကြောင်းကြံတဲ့ ပုံစံလုပ်ခဲ့ပါတယ်။ သူ့ကိုတော့ South Africaနဲ့ New Zealandတို့မှာ တွေ့ရှိတက်ရပေမယ့် ဖမ်းမမိခဲ့ကြပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/0a/0ab7807ec70892445c933be7a1fbd6e124d8cfe8.jpeg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T