အိန္ဒိယတောင်ပိုင်း သွေးမိုးရွာတဲ့ အကြောင်းနှင့် ယနေ့တိုင် အဖြေမရှိတဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်များ

//s9.kh1.co/59/599dc6f4921f59cd6b1756ad594eeb562e8c40cd.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဆိုကရေတီဟာ တစ်ခါတုန်းက " သိဖို့ဆိုတာ သင်မသိတဲ့အရာကုိ သိဖို့ပဲဖြစ်တယ်။ ဒါဟာ စစ်မှန်တဲ့အသိပညာရဲ့အဓိပ္ပာယ်ပဲဖြစ်တယ် " လို့ပြောခဲ့ဖူးပါတယ်။ ကမ္ဘာကြီးနဲ့ပတ်သတ်လို့ သိပ္ပံပညာနဲ့ အသိပညာတွေဟာ ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ အံ့ဩလောက်အောင် ‌တိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့်လည်း မေးခွန်းထုတ်စရာတွေကတော့ အများကြီးရှိနေပါသေးတယ်။ မိမိတို့ကမ္ဘာကြီးက စိတ်၀င်စားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတာမို့ ယနေ့တိုင် အဖြေမရှိသေးတဲ့ အကြောင်းအရာတချို့ကို ဖတ်ရှုကြည့်လိုက်ကြရအောင်။

Sailing Stones

https://s9.kh1.co/__image/w=500,h=333,q=100/35/35d963f46ad84f4e191560e13fd1ca536d19be69.jpg

Racetrack Playa မှာရှိတဲ့ ကျောက်တုံးတွေဟာဆိုရင် လူသား သို့မဟုတ် တိရစ္ဆာန်တွေရဲ့ အကူအညီမပါပဲ မြေပြင်ပေါ်မှာ ဖြေးဖြေးလေး ရွှေ့နေကြလေ့ရှိပါတယ်။ သူတို့ရွှေ့နေတဲ့ တလျှောက်မှာလည်း လမ်း‌ေကြာင်းတွေ ချန်ခဲ့ပါသေးတယ်။ သိပ္ပံပညာရှင်တွေကတော့ လေတိုက်တာ အားပြင်းလို့ ခုလိုရွှေ့နေကြတယ်ပြောပေမယ့် ကျောက်တုံးဟာ လူတစ်ယောက်လောက်လေးတာမို့ မဖြစ်နိုင်ဘူးပြောကြပါတယ်။ ဘယ်သူမှလည်း အဲ့ကျောက်တုံးတွေရွှေ့တာကိုရိုက်ကူးထားခြင်းမရှိတာကြောင့် သေချာမသိကြရပါဘူး။

Dancing Plague

https://s9.kh1.co/__image/w=500,h=333,q=100/8b/8bf7935d56bcabad934f57780dcd0b780cd0a0b7.jpg

ဇူလိုင်လ ၁၅၁၈ခုနှစ်တုန်းက Frau Troffea ဆိုတဲ့အမျိုးသမီးက လမ်းတစ်လမ်းမှာ ကနေခဲ့ပါတယ်။ သူမခုလိုကနေရတာဟာ ဘာအကြောင်းအရင်းမှမရှိပဲ ကနေခြင်းဖြစ်ပါတယ်။ တစ်လအကြာမှာ သူမနဲ့အတူ လူ၄၀၀ဟာ လာရောက်ကခဲ့ကြပါတယ်။ သူတို့ကတာဟာ တစ်ရက်မဟုတ်တစ်ပတ်မဟုတ် လချီခဲ့တာကြောင့် တချို့က အမောဖောက်ပြီးသေဆုံးကာ တချို့ကျတော့အာဟာရပျက်ပြီးသေဆုံးခဲ့ကြပါတယ်။ ယနေ့ချိန်ထိ ဘာကြောင့် အဲ့လောက်ထိ ကကြလဲဆိုတာ လူတွေမသိရှိကြသေးပါဘူး။

Harold Disappearance

https://s9.kh1.co/__image/w=500,h=267,q=100/e0/e00a71d4eba9d896cf2c8fba4602748b7f94597b.jpg

၁၉၆၇ခုနှစ် ဒီဇင်ဘာလမှာ Harold Hold ဟာ Cheviot ကမ်းခြေကို ရေကူးဖို့သွားရင်း ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ သူဟာ အဲ့တုန်းက Australia ရဲ့ ၀န်ကြီးတစ်ယောက်ဖြစ်တာကြောင့် Australia အနေနဲ့ အကြီးမားဆုံးရှာဖွေမှုတွေထဲက တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးနီးပါးရှာခဲ့ကြပေမယ့် အရိပ်အယောင်တောင် မတွေ့ခဲ့ကြပါဘူး။ ယနေ့တိုင်လည်း သူဘယ်လို ပျောက်ကွယ်သွားလဲဆိုတာ မသိရှိကြပါဘူး။

Red Rain

https://s9.kh1.co/__image/w=500,h=333,q=100/7a/7ac144f773b3689241a9ffe6a6ba63834a8bb136.webp

၂၀၀၁ခုနှစ် ဇူလိုင်လကနေ စက်တက်ဘာလထိ အိန္ဒိယတောင်ပိုင်း Kerala မှာ မိုးအပြင်းအထန်းရွာသွန်းခဲ့ပါတယ်။ ရွာတဲ့မိုးကလည်း သာမန်မိုးမဟုတ်ပဲ ထူးခြားနေခဲ့ပါတယ်။ ထူးခြားရတဲ့အကြောင်းကတော့ ရွာတဲ့မိုးရဲ့ အရောင်ဟာ အနီရောင်ဖြစ်နေလို့ပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ လေကြောင်းအထူးဖော်စပ်မှုတစ်ခုကြောင့်လို ကြေညာထားခဲ့ပေမယ့် ၂၀၀၆ခုနှစ်မှာ Media တွေကတော့ ဆဲလ်တစ်မျိုးကြောင်းလို့ ပြောပြခဲ့ပါတယ်။ ယနေ့ချိန်ထိဘာကြောင့် ခုလိုဖြစ်လဲဆိုတာ ဘယ်သူမှတော့ သေချာ မသိရှိကြပါဘူး။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T