မိဘမဲ့နေတဲ့ မျောက်လေးကို ဂရုစိုက် စောင့်ရှောက်ပေးခဲ့တဲ့ ခြင်္သေ့မ တစ်ကောင်ရဲ့ ထူးဆန်းဖွယ်ရာ ဖြစ်ရပ်

//s9.kh1.co/d3/d317eebb5f8468a41230f4b4dcbee05cf3078dc2.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိခင်မေတ္တာဆိုတာ လူတွေမှာမှမဟုတ်ဘူး တိရိစ္ဆာန်တွေမှာလည်း အပြည့်ရှိတယ်ဆိုတာကို ခုဖော်ပြတဲ့ အကြောင်းကိုဖတ်ပြီး သိရှိနိုင်ကြမှာပါ။ ပထမဆုံးအနေနဲ့ ဆာဗားနား မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ အပြုအမှုတွေဟာ တစ်ခါတစ်လေ မထင်မှတ်ဘဲ အံ့ဩသွားစေနိုင်ပါတယ်။ ခြင်္သေ့တွေရဲ့ သဘာဝအတိုင်းအစာရှာ‌နေတဲ့ ခြင်္သေ့မဟာ မျောက်မတစ်ကောင်ကို ဖမ်းယူစားသောက်ခဲ့ပါတယ်။ ဒါပေမယ့် မျောက်မကြီးမှာ မျောက်သားလေးရှိတယ်ဆိုတာကို မသိခဲ့ပုံပါပဲ။

https://s9.kh1.co/__image/w=600,h=343,q=100/d8/d80b2a751ed57f9f73ccef3111338f6266cbeb06.jpg
https://s9.kh1.co/__image/w=600,h=411,q=100/91/91ff6a6196dbc57d444a341ad86e4517a0681b68.jpg

မိခင်မျောက်မကြီးဟာ ဆာလောင်နေတဲ့ ခြင်္သေ့မရဲ့လက်ထဲ ရောက်ရှိသွားချိန်မှာ မျောက်သားပေါက်လေးရဲ့ ကံကြမ္မာကို စိုးရိမ်နေခဲ့ပါတယ်။ မိခင်မရှိတော့တဲ့ မျောက်လေးဟာလည်း ခြင်္သေ့မလက်ထဲကနေ ထွက်ပြေးခဲ့ပါသေးတယ်။ အလွန်ငယ် ရွယ်သေးတဲ့ မျောက်လေးအနေနဲ့ ဒီလိုလောကမှာ ရပ်တည်လို့မရနိုင်တာ ခြင်္သေ့မကြီး သိနေပုံရပါတယ်။ အဲ့တာကြောင့် မျောက်လေးကို ရာသီဥတုဒဏ်ကနေ ကာကွယ်ပေးပြီး မျောက်လေး အသက်ရှင်အောင်သူနဲ့အတူတူ ရှိစေခဲ့ပါတယ်။ ခြင်္သေ့မကတော့ မျောက်လေး သူ့ကို မကြောက်စေဖို့ လက်နှစ်ဖက် ကြားမှာထားပြီး ဆော့ကစား ပေးလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=470,q=100/73/73003cbb42b05bb92ad211b8bbe12c2eb369b20e.jpg
https://s9.kh1.co/__image/w=600,h=466,q=100/87/87ee6fbedf0fc1f3b08f69c8e6c9ee5412e291f8.jpg

မျောက်လေးဟာ သဘာဝမတူတဲ့ ခြင်္သေ့မနဲ့ အတူတူ နေထိုင်ရင်း နာမကျန်း ဖြစ်ခဲ့ပါသေးတယ်။ မျောက်ကလေးပေါ်ကျရောက်လာမယ့် အခြားခြင်္သေ့ထီးတွေ ရန်ကလည်း ခြင်္သေ့မဟာ မိခင်တစ်ယောက်လို ကာကွယ်ပေးခဲ့ပါသေးတယ်။ တစ်နေ့မှာတော့ အခြေအနေကို အကဲခက်နေတဲ့ မျောက်ကလေးရဲ့ဖခင်ဟာ မျောက်ကလေးကို ခြင်္သေ့မလက်ထဲကနေ ကြိုးစား ကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို အချိန်ပေါင်းများစွာ ရိုက်ကူးခဲ့ကြတဲ့ သူတွေကလည်း ‌" သေဆုံးရတာလွယ်ပေမယ့် အသက်ရှင်ဖို့ တော့ ခက်ခဲကြပါတယ် " ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=324,q=100/8c/8cef1ec04603a5d849b0ffd11d5d747a9471312e.jpg
https://s9.kh1.co/__image/w=600,h=487,q=100/58/5884ad7a3e063e2917108e7359912eedf15580c6.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T