လိုက်ပါစီးနင်းခဲ့တဲ့ သင်္ဘောတွေအကုန် နစ်မြုပ်ကုန်ပေမယ့် အသက်မသေပဲ ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် အကြောင်း

//s9.kh1.co/68/68fb8dd77134f76f80f18768e718371f36d04a3a.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဘဝမှာ ကံကောင်းခြင်းဆိုတာကို လူတော်တော်များများ တွေ့ကြုံခဲ့ဖူးပေမယ့်လည်း အသက်ဘေးကနေ အကြိမ်ကြိမ်လွတ်မြောက်လာနိုင်လောက်အောင် ကံ အလွန်ကောင်းတဲ့ လူမျိုးတွေတော့ များများ စားစား မရှိလောက်ဘူး ထင်ပါတယ်။ အခုဖော်ပြပေးမယ့် အမျိုးသမီးကလည်း ဒီလိုကံ အလွန်ကောင်းလှတဲ့ လူနည်းစုထဲက တစ်ယောက်အပါအဝင်လို့တောင် ပြောလို့ရပါတယ်။ သူမရဲ့ နာမည်ကတော့ Violet Jessop ဆိုသူဖြစ်ပြီး ကံ အလွန်ကောင်းရတဲ့ အကြောင်းအရင်းကတော့ သူမအလုပ်လုပ်ခဲ့တဲ့ သင်္ဘော၃စင်းလုံး ရေအောက်မြုပ်သွားပေမယ့် သူမကတော့ အသက်ရှင် ကျန်နေရစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c6/c6365efd5eb48b86c589803c02e50047f510ecf4.jpg

Violet ဟာ ၁၈၈၇ ခုနှစ် အောက်တိုဘာ ၂ရက်နေ့ အာဂျင်တီးနားမှာ မွေးဖွားခဲ့ပြီး သင်္ဘောပေါ်မှာ နာ့စ်အဖြစ်မလုပ်ကိုင်မီ လေယာဉ်မယ်အဖြစ်လည်း အသက်မွေးဝမ်းကျောင်းပြုခဲ့ပါ‌ေသးတယ်။ သူမဟာ ယနေ့ခေတ် ကမ္ဘာ့သမိုင်းမှာ နာမည်အကြီးဆုံး သင်္ဘောနစ်မြုပ်မှုတွေဖြစ်တဲ့ တိုက်တန်းနစ်သင်္ဘော ၊ အိုလံပစ်သင်္ဘော နဲ့ ဘရစ်တန်းနစ်အစရှိတဲ့ သင်္ဘော၃စင်းစလုံးမှာ ပါဝင်အမှုထမ်းခဲ့သူလည်း ဖြစ်ပါတယ်။ တိုက်ဆိုင်မှုလို့ပဲ ဆိုရမလို သူမ ပထမဆုံးအမှုထမ်းခဲ့တဲ့ အိုလံပစ် သင်္ဘောဟာ စစ်သင်္ဘောတစ်စင်းနဲ့ တိုက်မိခဲ့ပြီး နစ်မြုပ်လုနီးပါး ဖြစ်ခဲ့‌ပေမယ့် Violent ကတော့ အသက်ရှင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=841,q=100/88/8824e4dbdd0204f174efe984606d3f614e962d88.jpg

အလားတူစွာပင် သူမဟာ တိုက်တန်းနစ်သင်္ဘောရဲ့ ပထမဦးဆုံးခရီးစဉ်မှာ သူနာပြုအဖြစ်လိုက်ပါ အမှုထမ်းခဲ့ပါတယ်။ အများသိတဲ့အတိုင်း တိုက်တန်းနစ်သင်္ဘောဟာ ရေခဲတောင်တစ်ခုနဲ့တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ကာ ခရီးသည်အတော်တော်များများ သေကြေပျက်စီးခဲ့ကြပေမယ့်လည်း Violet ကတော့ အသက်မသေပဲ လွတ်မြောက်ခဲ့ပြန်ပါတယ်။ စာဖတ်သူကို နောက်ထပ် အံ့ဩသွားစေမယ့် နောက်တစ်ချက်ကတော့ သူမဟာ တိုက်တန်းနစ်သင်္ဘောမြုပ်ပြီး သိပ်မကြာခင်မှာပဲ ဘရစ်တန်းနစ်ဆိုတဲ့ သင်္ဘောပေါ်မှာ အမှုထမ်းခဲ့ပါတယ်။ ထုံးစံအတိုင်း သူမအမှုထမ်းတဲ့ ဘရစ်တန်းနစ်သင်္ဘောဟာ ရေအောက်မှာထောင်ထားတဲ့ ရေမြုပ်မိုင်းကိုထိမိခဲ့ပြီး နစ်မြုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အများမျှော်လင့်ထားသလို Violet ဟာ လွတ်မြောက်လာခဲ့ပြန်ပါတယ်။ အဲ့ခေတ်အခါက သူမရဲ့ သေကံမရောက်ခဲ့တဲ့ အကြောင်းကို စာအုပ်တွေ အပြိုင်အဆိုင် ထုတ်ဝေခဲ့ပြီး ယနေ့တိုင် ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသမီး အဖြစ် လူတိုင်းက ခေါ်ဆိုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=879,q=100/a3/a3f93099593b006b9703b5ba6a173e035c0f3cca.jpg
https://s9.kh1.co/__image/w=320,h=274,q=100/bb/bb34e200b4e9d00728006ba633dccf7cf39207a1.jpg

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T