အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းကနေတစ်ဆင့် ဆီးပြွန်အတွင်းတို့ ၀င်ရောက်နိုင်စွမ်းရှိတဲ့ ငါးတစ်မ‌ျိုးအကြောင်း

//s9.kh1.co/bf/bf689bb223e45fc5c81e7011b20e8143447d06c2.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ ဖော်ပြမယ့်အကြောင်းအရာကတော့ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး လူ့အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ ငါးတစ်မျိုးအကြောင်းပဲ ဖြစ်ပါတယ်။ ငါးရဲ့နာမည်ကတော့ Candiru ဖြစ်ပြီး ရေချို ငါးခူကပ်ပါး စာရင်းထဲမှာ ပါဝင်ပါတယ်။ Candiru ငါးတွေဟာ များသောအားဖြင့် အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ကျင်လည် ကျက်စားကြပြီး အန္တရာယ်အပေးနိုင်ဆုံး ငါးစာရင်းထဲမှာ ပါဝင်ပါတယ်။ ဒီငါးတွေဟာ မြစ်အတွင်း အမှတ်တမဲ့ အပေါ့သွားတဲ့သူတွေရဲ့ ဆီးလမ်းကြောင်းကနေတစ်ဆင့် ဆီးပြွန်အတွင်းကို ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

https://s9.kh1.co/__image/w=595,h=450,q=100/18/184cce48b743bdd06675ac959159ad9172a58d5f.jpeg
https://s9.kh1.co/__image/w=340,h=497,q=100/07/0706c5ecf156344bc4cce8d85481e2cb7ae6935a.jpg

ပြီးရင်တော့ ခန္ဓာကိုယ်ထဲရဲ့ တစ်နေရာရာမှာ ခိုကပ်နေတတ်ပြီး သွေးနဲ့ အခြားသော ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ထားတဲ့ အရာတွေကို စားသုံးပြီး အသက်ရှင်နေတာပဲ ဖြစ်ပါတယ်။ ဘာလို့ ဆီးလမ်းကြောင်းကနေ ဝင်တာလဲလို့ အတိအကျ ပြောနိုင်တဲ့အချက်ကတော့ ဗီဒီယိုမှတ်တမ်းတွေ တကယ်ရှိခဲ့လို့ပဲဖြစ်ပါတယ်။ တစ်ခါတုန်းကဆိုရင် အမျိုးသားတစ်ဦးဟာ အမေဇုန်မြစ်ဝှမ်းတစ်လျှောက်ငါးဖမ်းနေရင်း အမှတ်တမဲ့ အပေါ့သွားမိလိုက်ရာကနေ သူရဲ့ ဆီးလမ်းကြောင်းကနေ ဝင်ရောက်ခဲ့တာကြောင့် ခွဲစိတ်ကုသခဲ့ရတဲ့ အထိတောင် ဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b9/b91e8b46e69c8a203b4d594a5e5a8c52cd8bcc92.jpg
https://s9.kh1.co/__image/w=600,h=330,q=100/36/3622d3220b4fa1b53c11c4ab0eba644924dc141d.jpg

ခွဲစိတ်ဆရာဝန်ရဲ့ ပြောကြားချက်အရ ဒီကပ်ပါးငါးဟာ အမျိုးသားရဲ့ ကပ္ပါယ်အိတ်အတွင်းမှာ ခိုအောင်းဖို့ ကြိုးစားနေတာလို့ သိရပါတယ်။ များသောအားဖြင့် Candiru ငါးတွေဟာ ငါးကြီးတွေရဲ့ ပါးဟပ်ထဲမှာ ခိုကပ်နေတတ်ကြပြီး ထိုငါးကြီးတွေရဲ့ သွေးကို စုပ်ယူကာ အသက်ရှင်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်း အင်းအိုင် မြစ်ချောင်းအနီးမှာ မတတ်နိုင်လို့ အပေါ့စွန့်ခဲ့မယ်ဆိုရင်တော့ သတိလေးနဲ့ ဆင်ခြင်ပြီး အပေါ့စွန့်သင့်တယ်လို့ အကြံပြုလိုက်ရပါတယ်နော်။

https://s9.kh1.co/__image/w=512,h=369,q=100/63/638e99c221b8593880ca2060af5cc6fdfeae5a62.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T