ဒိုင်နိုဆောတွေ ရှိခဲ့စဉ်အချိန်ကတည်းက ယနေ့တိုင် အသက်ရှင်နေထိုင်နေကြတဲ့ ထူးခြားသော ၀က်နှာခေါင်းနဲ့ လိပ်

//s9.kh1.co/19/19321edec9ffe35bdbfe0cf95c88c2d6b58af64b.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောများ ရှင်သန် ပေါက်ဖွားရာ ခေတ် ကာလမှာ နေထိုင်ခဲ့တဲ့ ထူးခြားသော ဝက်နှာခေါင်းနှင့် လိပ်အမျိုးအစားကို ယူတားပြည်နယ်မှာ တွေ့ရှိခဲ့ရကြောင်းပဲဖြစ်ပါတယ်။ ဒီလိပ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ယူတားသဘာ၀ သမိုင်းပြတိုက်မှ အဖွဲ့တစ်ဖွဲ့က ပြည်နယ် တောင်ပိုင်းရှိ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=320,q=100/8e/8eb864b4603a462a6758812b1feb2c577906edf3.jpg
https://s9.kh1.co/__image/w=600,h=400,q=100/a6/a6446531cfa40cfdc087ffbe2701dadd041e2f9d.jpg

အဲ့လိပ် အမျိုးအစားမှာ ထူးခြားဆန်းကြယ်တဲ့ လိပ်မျိုးဖြစ်ကြောင်း တက္ကဆက် တက္ကသိုလ်မှ ဂျိုဟွာလစ်ဗ်လီက ပြောကြားခဲ့ပါတယ်။ နှစ်ပေ အရှည်ရှိသည့် လိပ်အမျိုးအစားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၆ သန်းခန့်က ယူတားပြည်နယ် တောင်ပိုင်းရဲ့ စိုစွတ်ပြီး ပူနွေးတဲ့ ရာသီဥတုနှင့် မြစ်ချောင်းများ ပေါများမှုကြောင့် ထိုဒေသမှာ နေထိုင်ဖွယ်ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=480,q=100/75/757a3d6b95b8b9a2a7c548d1d298fbaf664da899.jpg
https://s9.kh1.co/__image/w=600,h=337,q=100/ab/abed1f34f77254736bfd8b80cc0b65155b35e17d.jpg

ပုံပန်သဏ္ဍာန်မှာ ဝက်နှာခေါင်း ကဲ့သို့ နှာခေါင်းပေါက် နှစ်ပေါက်ပါတဲ့ အတွက် တွေ့နေကျ လိပ်များထက် တစ်မူထူးခြား‌ေနပါတယ်။ လိပ်တွေရဲ့ အသက်ရှည်နိုင်တဲ့ သက်တန်းဟာလည်း ပရိသတ်ကြီးသိတဲ့အတိုင်း နှစ်ရာချီတာမို့ ခုဒီလိပ်တွေ ရှိနေတာကလည်း နှစ်ထောင်ချီပြီးလို့ ပြောလို့ရနိုင်ပါတယ်။ မျိုးတူပေမယ့် အသက်ရှည်နိုင်တဲ့ ပမဏက ကွဲပြားတက်ကြတာဟာ သဘာ၀ပါပဲ။

https://s9.kh1.co/__image/w=600,h=352,q=100/12/12e91548ffcf883c610aefae100877d90d4911e1.jpg
https://s9.kh1.co/__image/w=600,h=400,q=100/3a/3a22dae55ed07ef7d80de6499af197f4189dea74.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T