မျက်လုံးမမြင်ရတာတောင် စကိတ်လည်းစီးနိုင်ပြီး ဘတ်စကက်ဘောလည်း ကစားနိုင်တဲ့ ကောင်လေးတစ်ယောက်အကြောင်း

//s9.kh1.co/6f/6f2bca6933244343cc42674704d64066312a2b2d.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘီးအန်ဒါဝုဆိုတဲ့ကောင်လေးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ သူဟာ ငယ်စဉ်ကတည်းက မျက်စိ ကင်ဆာဝေဒနာကို ခံစားခဲ့ရပါတယ်။ မျက်စိကင်ဆာဟာ ဦးနှောက်ကို ပြန့်ပွားနိုင်တာကြောင့် သူ့အသက်နှစ်နှစ်အရွယ်မှာပဲ မျက်လုံးနှစ်လုံးကို ထုတ်ပစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့မှာ အသံရဲ့ပဲ့တင်သံကို နားထောင်ပြီး အရာရာကို မြင်နိုင်တဲ့ စွမ်းရည်တွေရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=420,q=100/a6/a605d87b707a70759b6b7a8ffd390e3d2a2428a7.jpg
https://s9.kh1.co/__image/w=600,h=334,q=100/58/588ff13d034f3293dd2b12e30b4b383633b48686.jpg

သူ့ရဲ့ အဲ့လို မြင်နိုင်တဲ့ စွမ်းရည်ဟာ ရေငုပ်သဘောင်္ နည်းပညာမှာ သုံးတဲ့ ပဲ့တင်လှိုင်းတွေကို ဖမ်းယူပြီး တည်နေရာကိုသိရှိကာ မှောင်မဲနေတဲ့ ရေအောက်ထဲမှာ သွားလာနိုင်တဲ့ နည်းပညာပုံစံမျိုးပဲ ဖြစ်ပါတယ်။ အန်ဒါဝုလေးဟာ ပစ္စည်းတစ်ခုကိုရှာချင်လျှင် “တောက်” ခေါက်သံလေးကို ပါးစပ်မှ အသုံးပြုပြီး ရှာဖွေပါတယ်။ တောက်ခေါက်သံလေးကို အသုံးပြုပြီး အရာဝတ္ထုတွေရဲ့ အကွာအဝေးကို မှန််းဆကာ “ဆွန်နာ “ နည်းပညာကို နည်းပညာကို အသုံးပြုပြီး သူ့အနားက ပစ္စည်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/21/2131dd75ee5e80c733fbe3c6988dc8c33aaad9bd.jpg
https://s9.kh1.co/__image/w=600,h=330,q=100/13/13bddaf6f9e5a7a687c8a7529a3e4766a88056f4.jpg

သူဟာဆွန်နာ နည်းပညာကို အသုံးပြုပြီး စက်ဘီးလည်းစီးနိုင်သလို စကိတ်လည်းစီးနိုင်ပါတယ်။ ဒါ့အပြင် ဘက်စကတ်ဘောလည်း ကစားနိုင်ပါတယ်။ ဒီလိုထူးခြားတဲ့ စွမ်းရည်တွေကို “ဆွန်နာ” နည်းပညာလို့ခေါ်တဲ့ ပဲ့တင်သံ အာရုံခံစားမှုကနေ ရရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် အန်ဒါဝုလေးဟာ ၂၀၀၉ခုနှစ် သူ့အသက် ၁၆နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ရရှာပါတယ်။ သေဆုံတဲ့အကြောင်းရင်းကတော့ ဦးနှောက်ကင်ဆာနဲ့ပဲ သေဆုံးခဲ့ရရှာတာပါ။ ဒီကမ္ဘာမြေပေါ်က လူသားတွေ ထဲမှာတော့ အန်ဒါဝုလေးဟာ ပဲ့တင်သံကို အသုံးပြုပြီး သွားလာနိုင်တဲ့ လူသားအဖြစ် လေးစားစရာဖြစ်ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=393,q=100/0f/0fc337d98b5aec06de0c21ae4e1e31589a91fb29.jpg
https://s9.kh1.co/__image/w=600,h=450,q=100/de/dee9fb5d647becd0d881f4e30c22a4eb47322305.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T