မိမိမှာ စိတ်ကျရောဂါရှိနေတဲ့အခါ ဖြစ်ပေါ်လာတက်တဲ့ လက္ခဏာများ

//s9.kh1.co/8a/8abc36186dd13f50921b370cb03083b94abcb41a.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာတွေဆိုတာကတော့ အနည်းနဲ့အများ ရှိကြမှာပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်မဲ့လာသလို၊ စိတ်ပျက်လာတာမျိုးတွေ ဘယ်လိုဖြေဖျောက်ဖျောက် ခံစားနေရပြီဆိုရင်တော့ စိတ်ကျနေတာသေချာပါပြီ။ နောက်ဆက် တွဲအနေနဲ့ မလိုလားအပ်တာတွေ ဖြစ်လာနိုင်တာမို့ စိတ်ကျခြင်းရဲ့ ရောဂါလက္ခဏာတွေကို သိရှိထားမှသာ ဆောင်ရန်ရှောင်ရန်တွေ ပြင်ဆင်နိုင်မှာပါ။ ဒါကြောင့်ပဲ ဘယ်လိုလက္ခဏာတွေက စိတ်ကျရောဂါ ဖြစ်နေလဲဆိုတာ ၊ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=432,q=100/8b/8b0947d1b5cdfa4fcd7b534732029afb044b9f4c.jpg

(၁) အစားစားချင်စိတ်မရှိဘူး

အစာစားချင်စိတ်လျော့နည်းလာမယ်။ ကိုယ်အလေးချိန်ကျလာမယ်။ ဗိုက်ဆာနေရင်တောင် စားချင်တဲ့စိတ်မရှိဘူးဖြစ်လာမယ်။

https://s9.kh1.co/__image/w=650,h=366,q=100/78/784313bcb58428851abae6f240ec38cbafd321c2.jpg

(၂) အိပ်ချိန်မမှန်တာတွေဖြစ်လာမယ်

ညဘက်တွေ အိပ်မပျော်ဘဲ တစ်ညလုံးရှိနေတာမျိုးတွေ မနက်အစောကြီးနိုးနေတာမျိုးတွေ ၊ အလွန်အကျွံအိပ်နေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=412,q=100/b9/b99ee8a32dc20736bd8787193010ad74f5c4ac0c.jpg

(၃) ဒေါသတွေအဆမတန်ကြီးလာမယ်

ပြသနာသေးသေးလေးကိုတောင် ဒေါသတွေမထိန်းနိုင်လောက်အောင်ဖြစ်လာမယ်။ တစ်ခုခုဆို သူများထက်ပိုပြီး ပေါက်ကွဲ ဝုန်းဒိုင်းကြဲလိုက်မိတာမျိုးတွေ၊ အကြောင်းကိစ္စတိုင်း၊ လူတိုင်းက ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်လာစေတာမျိုးတွေပါ။

https://s9.kh1.co/__image/w=650,h=434,q=100/aa/aa81446ad49623e1f3d1050315aa1344c57046b8.jpg

(၄) ကိုယ့်ကိုကိုယ်မနှစ်သက်တော့ဘူး

ကိုယ့်ကိုကိုယ်ဘာတန်ဖိုးမှမရှိတော့ဘဲ အပြစ်ရှိနေသလို ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ခံစားလာရမယ်။ ဘဝမှာ ဖြစ်ခဲ့သမျှအမှားတွေအတွက် ကိုယ့်မှာပဲ အပြစ်ရှိနေသလို ကြီးကြီးမားမား စိတ်ဖိဆီးလာတာမျိုးပါ။ အလိုလိုနေရင်း ကိုယ်ဟာ လူ့လောက ကြီးမှာ တန်ဖိုးမရှိ အသုံးမဝင်တဲ့သူလို့ထင်မြင်လာမယ်။

https://s9.kh1.co/__image/w=650,h=321,q=100/73/7352f0723763a1681f934fd3300246d7a67b7ec3.jpg

(၅) အနားမှာဘယ်သူမှမရှိဘူးလို့ခံစားလာရမယ်

ကိုယ်ကလူတွေနဲ့ဝေးရာမှာနေပြီး ကိုယ့်အနားမှာဘယ်သူမှမရှိပါလားဆိုတဲ့ စိတ်နဲ့အထီးကျန်သိမ်ငယ်လာတာမျိုးတွေ ခံစားလာရမယ်။

https://s9.kh1.co/__image/w=650,h=407,q=100/8c/8cbb312c72e09d12c35dfaf2656527c0e88d797a.png

(၆) ကျန်းမာရေး ချို့ယွင်းလာမယ်

အကြောင်းမရှိဘဲ နာကျင်ကိုက်ခဲတာတွေ ၊ ခေါင်းကိုက်တာတွေ၊ ကျောအောင့်တာတွေ၊ ကြွက်သားတွေနာကျင်တာတွေ၊ အစာအိမ်က အောင့်လာနာလာတာမျိုးတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတာမျိုးတွေပါ။ ဒါတွေဟာ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှု များတဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/33/334b48c677a727d1bd0daad4a96fe494d7f97626.jpg

ဒီအချက်တွေနဲ့ကိုက်ညီနေပြီဆိုရင်တော့သင့်မှာ စိတ်ကျရောဂါဝင်ရောက်နေပါပြီ။ ပိုမိုဆိုးရွားမလာစေဖို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်နဲ့ဖြစ်ဖြစ် ဆွေးနွေး တိုင်ပင်ရင်ဖွင့်ပြီး ကုသမှုကို ထိထိရောက်ရောက်ခံယူသင့်ပါတယ်။ ဘဝမှာ နေပျော်စေ မယ့် အကြောင်းအရာတွေကို စဉ်းစားပြီး အကောင်းမြင်စိတ်ကို တဖြည်းဖြည်း ပိုမိုမြှင့်တင် သင့်ပါတယ်။ ဒါမှသာ စိတ်ရောကိုယ်ရောကျန်းမာတဲ့ လူတစ်ယောက် အနေနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်ရှင်သန်သွားနိုင်မှာပါ။

သတင်း အရင်းအမြစ်ADDitude

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T