ကျဆုံးသွားသူတွေအတွက် ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက်မယူမနေရ ဥ‌ပဒေထုတ်ပြန်ထားတဲ့ နိုင်ငံ

//s9.kh1.co/44/44a15d6a015c09d273c8155f72139cfe016091bb.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-လိုင်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ နိုင်ငံများစွာရှိသလို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခ‌ျမှတ်ထားတဲ့ မတူညီတဲ့ ဥပဒေတွေလည်း ရှိတတ်ကြပါတယ်။ အဲ့လိုဥပဒေတွေထဲကမှ အချို့ဥပဒေတွေကတော့ ထူးဆန်းလျက်ရှိပါတယ်။ အဲ့လိုထူးဆန်းတဲ့ ဥပဒေတွေထဲကမှ အီရီထရီးယားနိုင်ငံရဲ့ ဥပဒေလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/28/28863a6c1fdb9b4513979d32129586d508723777.jpeg

အဲ့ဒီဥပဒေကတော့ လူတစ်ယောက်ကို မိန်းမနှစ်ယောက် မယူမနေရဆိုတဲ့ ဥပဒေပဲဖြစ်ပါတယ်။ လူဦးရေ ၄သန်းခန့်ရှိတဲ့ သူတို့နိုင်ငံအတွက် အစိုးရကတော့ မိန်းမနှစ်ယောက်ယူဖို့ကို ဖိအားပေးနေပြီး မင်္ဂလာဆောင်စရိတ်ကိုလည်း အနည်းအကျဉ်းထောက်ပံ့သွားမှာပဲ ဖြစ်ပါတယ်။ သူတို့နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းမှာ စစ်သည်ပေါင်း ၁၅၀၀၀၀ ကျော် ကျဆုံး ခဲ့သလို အရပ်သားများစွာလည်း ဆုံးရှုံးမှုများ ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=445,q=100/a7/a7fe7d5efc07569a52a8bde7e099aa63d5ee6377.jpg

ကျရှုံးခဲ့တဲ့စစ်သည်များနဲ့ အရပ်သားများအတွက် အမျိုးသားတွေဟာ ရှားပါးသထက် ရှားပါးလာပြီး နိုင်ငံအတွင်းမငြိမ်သက်တဲ့ စစ်ပွဲတွေကြောင့်လည်း နေရပ်ကိုစွန့်ခွာထွက်ပြေး လာတဲ့ အမျိုးသားများစွာ ရှိလာပါတယ်။ လူဦးရေတိုးပွားမှုဟာ သူတို့နိုင်ငံအတွက် အရေးပါလာတဲ့ နေရာတစ်နေရာကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ခုလို လူတစ်ယောက်ကို မိန်းမနှစ်ယောက် ယူဖို့ ဥပဒေထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=550,h=294,q=100/15/1550fa09309aa8b9e9ff24a7a125a5ddb9504d8c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/90/9061a8de83c7e990f24455b9c2d7a28690a640f4.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T