ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး မတူညီတဲ့ ထုံးတမ်းဓလေ့တွေရှိတက်ကြပါတယ်။ ဒါပေမယ့်လည်း တချို့နေရာတွေမှာတော့ မင်္ဂလာဆောင်နဲ့ ပက်သက်ပြီး အလွန်ထူးဆန်းတဲ့ မင်္ဂလာဆောင် ဓလေ့တွေရှိကြပါတယ်။ ယခုတခါဖော်ပြပေးချင်တာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ ရှေးဟောင်မင်္ဂလာဆောင် ဓလေ့အကြောင်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိကြပါတယ်။ သတို့သမီးဟာ တစ်ရက် ကို တစ်နာရီလောက် ငိုရပါတယ်။ ၁၀ ရက်လောက်ကြာတော့ အမေဖြစ်သူလည်း ပါဝင် ငိုကြွေးပြီး နောက်ထပ် ၁၀ ရက်လောက်ကြာတဲ့ အခါ အဘွား ဖြစ်သူကလည်း လိုက်ပါ ငိုကြွေးပါတယ်။

သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေ အားလုံး ပုံမှန် တစ်နေ့ တစ်နာရီ ငိုကြရပါတယ်။ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်မြတ်နိုးမှု ကို ဖော်ထုတ်ပြသတာ ဖြစ်တယ် လို့ ယူဆကြပါတယ်။ ဒီလိုဓလေ့တွေဟာရှေးဟောင်း တရုတ်လူမျိုးတွေရဲ့ အလွန်ထူးဆန်းတဲ့ မင်္ဂလာဆောင်ဓလေ့ပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။