ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားတဲ့ အကောင်များစွာ ရှိတဲ့ အထဲမှာမှ သာမန်ထက် အရွယ်အစား အလွန် ကြီးမားတာကြောင့် ဒဏ္ဍာရီထဲက မွန်းစတားအကောင်တွေလားလို့တောင် ထင်မှတ်သွားစေနိုင်ပါတယ်။ အခုတစ်ခါဖော်ပြပေးမှာကတော့ အလွန်တွေ့ရခဲလှတဲ့ ငါးအရှည်တစ်မျိုးကြီး အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Oarfish လို့ခေါ်တဲ့ ဒီငါးတွေဟာ ကမ္ဘာ့အကြီးဆုံး အသားစားငါးမျိုးနွယ်တွေထဲမှာ ပါဝင်ပြီး ပုံမှန်မြင်တွေ့ရဖို့ အလွန်ခက်ခဲလှပါတယ်။ သူတို့ဟာ ရေနက်ပိုင်းမှာ အနေများပြီး တခါတလေ ရေပြင်ပေါ်တက်လာမှသာ မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ Oarfish တစ်ကောင်ရဲ့ ပျမ်းမျှအရွယ်အစားဟာ ၁၀ပေမှ ပေ ၅၀အထိ ရှိတတ်ပါတယ်။
Oarfish တွေကို တချိုကတွေကတော့ ဒဏ္ဍာရီလာ အကောင်တွေ လို့ပဲ ယူဆထားကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ရှည်လျားလှတဲ့ ခန္ဓာကိုယ် အရွယ်အစား ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။ သို့သော်လည်း Oarfish တွေကို ဖမ်းဆီးများလာတဲ့ အတွက်ကြောင့် မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် လို့လည်း သိရှိရပါတယ်။
သတင်း အရင်းအမြစ်៖ Elitereader