ယာကူဆာတွေ ထိုးကြတဲ့ တက်တူးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်များ

//s9.kh1.co/8b/8bcbc10817e1ca5dc50b2996ec22e48f5ad4ed1e.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်လူမျိုးတွေဖြစ်တဲ့ ယာကူဆာ ဂိုဏ်းသားတွေကတော့ မိမိတို့ရဲ့ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ကို အရမ်းအလေးထားကြတဲ့သူတွေပဲဖြစ်ပါတယ်။ အီရယ်ဇုမီလို့ခေါ်တဲ့ တက်တူးသို့မဟုတ် ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ်တဲ့ အနုပညာတစ်မျိုးကတော့ ယာကူဆာမှန်ရင် တက်တူးရှိရမယ်ဆိုတဲ့ သူတို့ရဲ့ ဓလေ့ကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ လူအများစုဟာဆိုရင်လည်း ယာကူဆာရဲ့တက်တူးတွေကိုလိုက်လံထိုးဖို့ ဆန္ဒရှိကြပေမယ့် တက်တူးတွေရဲ့ အဓိပ္ပါယ်ကိုတော့ သေချာသိရှိမှုမရှိကြပါဘူး။ ဒါ့ကြောင့် ယာကူဆာတက်တူးတွေရဲ့ အဓိပ္ပါယ်ကိုဖော်ပြပေးလိုက်ပါတယ်။

1.The Dragon

https://s9.kh1.co/__image/w=650,h=459,q=100/ab/abb011ea8038133c60de809ac7f04a73d32c1832.jpg

ဂျပန်လူမျိုးတွေကတော့ အနောက်နိုင်ငံကလူတွေနဲ့မတူပဲ နဂါးအပေါ် အဓိပ္ပါယ်သတ်မှတ်မှုကကွဲပြားနေတာပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေအတွက်တော့ နဂါးဟာ ကြောက်စရာသတ္တဝါတစ်ကောင်မဟုတ်ဘဲ အကာအကွယ်ပေးတဲ့ကျေးဇူးရှင်တစ်ယောက်အဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ယာကူဆာတွေအတွက်တော့ နဂါးတက်တူးဟာ ဉာဏ်ပညာရှိမှု၊ အင်အားရှိမှုနှင့် ရဲရင့်မှုတို့ကို ကိုယ်စားပြုထားတာပဲဖြစ်ပါတယ်။ အနက်ရောင်နဂါးတက်တူးကတော့ အတွေ့အကြုံကို ကိုယ်စားပြုပြီး ၊ အစိမ်းရောင်နဂါးကတော့ သဘာဝကိုကိုယ်စားပြုကာ ရွှေရောင်နဂါးကတော့ တန်ဖိုးကို ဖော်ပြတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။

2.The Snake

https://s9.kh1.co/__image/w=650,h=650,q=100/e7/e7db8876bdf6bbc3bf287f6b0e675ba507dc6cfa.jpg

မြွေပုံစံတက်တူးကတော့ အဓိပ္ပါယ်များစွာဖွင့်ဆိုကြတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကောင်းမွန်သောကျန်းမာရေးနှင့် စိတ်ဓာတ်မြင့်တင်ခြင်းကို ကိုယ်စားပြုပြီး တစ်ခါတစ်ရံမှာတော့ ဖျားနာခြင်းနှင့် ကံဆိုးခြင်းကို ကိုယ်စားပြုနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်ရိုးရာ ပုံပြင်တွေထဲမှာတော့ မြွေက ဉာဏ်ပညာ ပါဝါ မြင့်တက်မှု ကိုဖော်ပြတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။

3.The Phoenix

https://s9.kh1.co/__image/w=400,h=618,q=100/08/08435a1806306727f18012973726310b5adf55da.jpg

The Phoenix တက်တူးကလည်း ဂိုဏ်းထဲမှာ အတွေ့များတဲ့ တက်တူးတစ်ခုဖြစ်ပြီး အောင်ပွဲ ကတိကဝတ်နှင့် ပြန်လည်မွေးဖွားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘာကြောင့်လဲဆိုရင်ဖီးနှစ်ငှက်ဟာ မီးလောင်ကျွမ်းပြီးမှ ပြန်လည်မွေးဖွားလာတဲ့ ဒဏ္ဍာရီလာ ငှက်ဖြစ်တာကြောင့် အခုလိုအဓိပ္ပါယ်ရတာပဲဖြစ်ပါတယ်။ ဖီးနှစ်ငှက် ဒဏ္ဍာရီ ကတော့ တရုတ်မှဆင်းသက်လာတာဖြစ်ပေမယ့် ဒါက ဂျပန်ယဉ်ကျေးမှုနှင့် ဆက်စပ်နေတဲ့ ဒဏ္ဍာရီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

4.The Koi Fish

https://s9.kh1.co/__image/w=650,h=816,q=100/4c/4c9b1616879f9530ac28cc3b2f030b9633266559.jpg

The Koi Fish တက်တူးကတော့ ယာကူဆာဂိုဏ်းထဲမှာ အတွေ့အများဆုံးတက်တူးပုံစံတစ်မျိုးဖြစ်ပြီး ကံကြမ္မာနှင့် ကံကောင်းခြင်း ဟု အဓိပ္ပါယ်ရပါတယ်။ ဂျပန်ရာဇဝင်တွေထဲမှာတော့ ကိုအီငါးဟာ ရေတံခွန်တွေပါ တက်နိုင်စွမ်းရှိတာကြောင့် လုံ့လဝရိယ နှင့် စိတ်အားထက်သန်မှုကို ကိုယ်စားပြုထားတာပဲဖြစ်ပါတယ်။ အဲ့ဒီ ငါးပုံစံတက်တူးကို ထိုးထားတဲ့သူတွေကတော့ အလွန်တရာ ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံကိုခံနိုင်ရည်ရှိတဲ့သူလို့သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ The Koi Fish တက်တူးကတော့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာလည်း အတွေ့များလာတဲ့တက်တူးတစ်ခုဖြစ်ပါတယ်။

5.The Samurai

https://s9.kh1.co/__image/w=650,h=975,q=100/9a/9a77b103d7d84cd87dad61e32b88d43460cbf6c9.jpg

The samurai ဆိုတဲ့တက်တူးကတော့ ဘူရှီးဒို သို့စစ်ထွက်သူတွေရဲ့ အပြုအမူတွေကို ကိုယ်စားပြုတဲ့တက်တူးတွေပဲဖြစ်ပါတယ်။ ဆာမူရိုင်းကတော့ သတ္တိရှိမှု သစ္စာရှိမှု တွေကို ကိုယ်စားပြုတဲ့ အပြုအမူတွေကို ဖော်ပြထားတဲ့တက်တူးဆိုလည်း မမှားပါဘူး။ ယာကူဆာတွေကတော့ သူတို့ိကိုယ်သူတို့ ရှေးဟောင်းဂျပန်ရိုးရာ ကာကွယ်စောင့်ရှောက်သူတွေအဖြစ် သတ်မှတ်ထားတာကြောင့် အခုလိုဆာမူရိုင်းတွေရဲ့ နည်းစနစ်ဥပဒေတွေကို လိုက်လံကျင့်သုံးခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=696,q=100/a8/a8a52aeb95661544669609641d405aebcc895a03.jpg

သတင်း အရင်းအမြစ်Elitereader

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T