တောရိုင်းတိရိစ္ဆာန်များနဲ့ တန်တူနေထိုင်လေ့ရှိကြတဲ့ တောင်အာဖရိကနိုင်ငံက မြို့တော်အကြောင်း

//s9.kh1.co/ac/ac357fbfb3e99eab4d29f648843dc75cdca5639d.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ တောင်အာဖရိကနိုင်ငံမှာ တည်ရှိတဲ့ "Marloth" မြို့ အကြောင်းပဲ ဖြစ်ပါတယ်။ မြို့ဆိုပေမယ့် Park တစ်ခုဆိုလည်းမဟုတ်ပါဘူး။ အဲ့ဒီမြို့ဟာ ခြင်္သေ့၊ ရေမြင်း၊ မိကျောင်း အစရှိတဲ့ တောရိုင်းတိရိစ္ဆာန်များ ကျက်စားနေထိုင်တဲ့ ကရူဂါ အမျိုးသား ဥယျာဉ်အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။ "Marloth" မြို့ရဲ့ ထူးခြားချက်ဟာ တောရိုင်းတိရစ္ဆာန်များရဲ့ အန္တရာယ်နှင့် နီးကပ်စွာရှိနေပြီး မြို့အတွင်းရှိ အိမ်များကို ကာကွယ်ရန် ခြံစည်းရိုးများခတ်ခွင့် မပြုခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=450,q=100/44/4462706af4bf72d0e1964c0fde112a04537b1331.jpg
https://s9.kh1.co/__image/w=650,h=445,q=100/7f/7f477e10a5ac562ec82c6f3cb97307cb7b68692a.jpeg

အဲ့ဒီမြို့မှာ တစ်ခုတည်းသော စည်းရိုးဟာ ကရူဂါ အမျိုးသားဥယျာဉ်နှင့် မြို့ကို ပိုင်းခြားထားတာဟာ လေးပေသာမြင့်တဲ့ စည်းရိုးဖြစ်ပြီး တိရိစ္ဆာန်များ မဝင်ရန်ထက် လူများမထွက်အောင် ဦးစားပေး တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် အဲ့မြို့မှာ တောရိုင်းတိရိစ္ဆာန်များ လျှောက်သွားနေခြင်းဟာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဘာဘွန်း မျောက်များဟာ ပြတင်း ပေါက်မှတစ်ဆင့် အိမ်များအတွင်းသို့ ဝင်ပြီး ရေခဲသေတ္တာထဲမှ အစာများကို ယူဆောင်ကြသလို ဆင်များနှင့် သစ်ကုလားအုတ်များဟာလည်း လမ်းမများပေါ်မှာ ပိတ်နေလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b1/b155e32d61a4843a42477212ba2d38bed7ebe786.jpg
https://s9.kh1.co/__image/w=650,h=437,q=100/fa/fa4ef14200819e0749f966c229d3af2c5ad11f25.jpg

ခြင်္သေ့များကလည်း လူများကို မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ဖောက်ထွင်းသူ ဒုစရိုက်များကို ဖမ်းဆီးစားသောက်ခဲ့တာကြောင့် အထိတ်တလန့် မြင်ကွင်းတွေ ရှိနေပေမယ့်လည်း အချို့သူများကတော့ မှုခင်းကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ကြတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့်လည်း စက်ဘီးစီးသမားများကတော့ မကြာခဏဆိုသလို သားကောင်ဖြစ်သွားတက်လေ့ရှိပါတယ်။ တစ်ခါတုန်းက ခြင်္သေ့လေးကောင်ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရတဲ့ စက်ဘီးစီသမားတစ်ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် စက်ဘီးစီးသမားများကို ဘီးပေါ်က အစာ "Meals of wheels" လို့နာမည်ပြောင် ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/ed/edd18aaf71c36ff3645c89e11b62d4e72d503937.png

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T