သမိုင်းထဲမှာ ပထမဦးဆုံး ကားတီထွင်ခဲ့သူ အဖြစ် သတ်မှတ်ခံရတဲ့ Karl Benz ရဲ့ ကမ္ဘာ့ပထမဆုံးကား

//s9.kh1.co/28/28d754637f58465450e6ebfc91558bb762b88a9a.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ခေတ်မှာဆိုရင်တော့ မော်တော်ယာဉ်အမျိုးမ‌ျိုးကို ပရိသတ်ကြီး တွေ့ရှိကြရမှာပါ။ ခုခေတ်လိုမ‌ျိုး ပြိုင်ကားတွေဘာတွေ မပေါ်ခဲ့ခင်က သင့်အနေနဲ့ ကမ္ဘာ့အစောဆုံး ဖန်တီးခဲ့တဲ့ မော်တော်ယာဉ်ကို သိပါသလား။ ဒါကြောင့်ပဲ ခုတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး တီထွင်ခဲ့ကြတဲ့ မော်တော်ယာဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Benz Patent Motorwagen" မော်တော်ကား အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=467,q=100/80/800466be9bc379e16d8204353add8d614879c6ab.jpg
https://s9.kh1.co/__image/w=650,h=366,q=100/77/779eeb0412525c20c5f7ba562eab8a4e6ec2acd2.jpg

Motorwagen အမည်နဲ့ တီထွင်ခဲ့တဲ့ မော်တော်ယာဉ်ကို ၁၈၈၅ ခုနှစ်မှာ Karl Benz က တီထွင်ခဲ့ပြီး မူပိုင်ခွင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့မတိုင်ခင် ထုတ်လုပ်ခဲ့တဲ့ မော်တော်ယာဉ်များ ရှိခဲ့ပေမယ့်လည်း သူရဲ့ကားကိုတော့ ကမ္ဘာ့ ပထမဆုံး မော်တော်ကား အဖြစ် မကြာခဏဆိုသလို အသိအမှတ်ပြု သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဓာတ်ဆီလောင်စာသုံးပြီး အင်ဂျင်တပ်ဆင်ထားတဲ့ အဲ့ဒီကားဟာ အင်ဂျင်အတွင်း အောက်ဆီဂျင်နှင့် လောင်စာကို ပေါင်းစပ် လောင်ကျွမ်းစေခြင်းဖြင့် ပန်ကာကို လည်ပတ်စေရန် ပထမဆုံး တီထွင်ခဲ့တဲ့ ယာဉ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/d6/d6c8c51810631c52ed6759b3c498be12602fc7f9.jpg
https://s9.kh1.co/__image/w=650,h=512,q=100/20/20dafc7736dbc39ed82e1a6b468f0248e16ea2ef.jpg

Karl Benz ဟာ သူ့ရဲ့ မော်တော်ကားကို ၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့ပေမယ့်လည်း ၁၈၈၆ ခုနှစ် နှောင်းပိုင်းအထိ မူပိုင်ခွင့်မရရှိခဲ့ဘဲ ဂျာမနီနိုင်ငံ၊ မန်ဟိုင်းမ်မြို့မှာ ပြည်သူတွေကို ပြသခဲ့တာ ဖြစ်ပါတယ်။ Benz ဟာ ၁၈၇၃ ခုနှစ်မှာ ဓာတ်ဆီ လောင်စာသုံး နှစ်လုံးထိုးအင်ဂျင်ကို ပထမဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက် ၁၀ နှစ်အတွင်းမှာလည်း အင်ဂျင်ဖြင့် မောင်းနှင်နိုင်တဲ့ ယာဉ်တစ်စီးကို တီထွင်ရန် အချိန်ယူခဲ့ကာ ဒီဇိုင်း ထုတ်လုပ်ပြီး အင်ဂျင် စက်များနှင့် ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို ပုံသေ ထုတ်လုပ်သူ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ၁၈၈၆ ခုနှစ်ကနေ ၁၈၉၃ ခုနှစ်အတွင်း "Patent-Motorwagens" မော်တော်ကား ၂၅ စီး ထုတ်လုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=916,q=100/58/587eace16c7231601a5a530d656ee845c6d8eb37.jpg

သတင်း အရင်းအမြစ်History

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T