မိမိတို့ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆားရဲ့ အရေးပါပုံနှင့် သမိုင်းအကြောင်း တချို့

//s9.kh1.co/9f/9f12f43cc80f666fb495265b943363ec575ffdca.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆားအကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဆားဟာ ဆိုဒီယမ်ကလိုရိုဒ် ဓာတုဗေဒ ဒြပ်ပေါင်း အဓိကပါဝင်သော ပစ္စည်းတစ်မျိုးဖြစ်ပြီး ပင်လယ်ရေထဲက တစ်လီတာတွင် ပျမ်းမျှ ၃၅ ဂရမ် (၁.၂အောင်စ)နှုန်းပျော်ဝင်နေတာ ဖြစ်ပါတယ်။ ဆားဟာ သက်ရှိတိုင်းရဲ့ ဘဝရှင်သန်မှုအတွက် အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်သလို လူသားများရဲ့ အစားအသောက်၊ အရသာအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/cd/cd498554bedc3e153d3a9543fa91a49e3d96eca9.jpg
https://s9.kh1.co/__image/w=650,h=434,q=100/26/26e0026b41d1cd899204e0e42533089613fd9920.jpg

ဆားဟာ သက်ရှိသတ္တဝါများရဲ့ တစ်ရှူးများတွင် အပင်များရဲ့ တစ်ရှူးများထက်ပိုမို ပါဝင်ပါတယ်။ အစားအသောက်များကို အရသာရှိစေရုံသာမက ပုပ်သိုးလွယ်တဲ့ အသား၊ ငါး၊ အရွက်စတာတွေကို ကြာရှည် ခံရန်အတွက်လည်း ဆားဟာ အရေးကြီးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆားကို ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ ခန့်က စတင်တွေ့ရှိခဲ့ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/37/373bef41f71231dcf435e1beeb5761d152074e54.jpg
https://s9.kh1.co/__image/w=650,h=366,q=100/24/24c86860a951c0564bd4630bac17f92806b7647b.jpg

ရိုမေးနီးယား လူမျိုးများဟာ ရေပူစမ်းက ရေများကို ကြိုချက်ခြင်းဖြင့် ဆားကို ပထမဆုံး ထုတ်ယူခဲ့ကြပါတယ်။ အဲ့ခေတ်ဝန်းကျင်မှာပဲ တရုတ်နိုင်ငံမှာ ဆားလုပ်ငန်းများ တည်ရှိခဲ့ကြောင်း တွေ့ရှိပါတယ်။ အဲ့ခေတ်တုန်းက ဆားကို ဟီဘရူး၊ ဂရိ၊ ရောမ၊ အီဂျစ်နှင့် ဟေတီလူမျိုးများဟာ တန်ဖိုးသတ်မှတ် သုံးစွဲခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဆားဟာ ကုန်သွယ်မှုလုပ်ငန်းရဲ့ အဓိက ပို့ကုန်၊ သွင်းကုန်တစ်ခုဖြစ်လာခဲ့ပြီး မြေထဲ ပင်လယ်ကို ဖြတ်သန်းလျက် ဆားကို သယ်ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆာဟာရ သဲကန္တာရမှာလည်း ဆားပို့ဆောင်ရေး လမ်းကြောင်းများပြုလုပ်ခဲ့ပြီး ကုလားအုပ်လှည်းများဖြင့် ဆားများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ခဲ့ကြလျက် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e0/e02100cbac2e9964e80337296f5bc817b9e98853.jpeg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T