နွေရာသီရောက်တိုင်း ရေအောက်ထဲကို ရောက်သွားလေ့ရှိတဲ့ ပန်းခြံလေး

//s9.kh1.co/e3/e376d8896bb4ab26751400abfa812283f721ac3e.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဩစတေးလျမှာရှိတဲ့ Grüner See (Green Lake) လို့လည်းခေါ်တဲ့ ဒီပန်းခြံလေးဟာ နွေရာသီမှာအလွန်လှပတဲ့ရေကန်လေးဖြစ်သွားတက်ပါတယ်။ အကြောင်းကတော့ Hochschwab တောင်တွေပေါ်က ရေခဲတွေဟာ နှစ်စဉ်နှစ်တိုင်း အရည်ပျော်ကျလေ့ ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ရေခဲတွေ အရည်ပျော်ကျပြီး အစိမ်းရောင် ပန်းခြံ ရေကန်လေးထဲကို ရေတွေစီးဝင်ခဲ့ကာ ရေတွေများလာတော့ ပန်းခြံတစ်ခုလုံး ကြည်လင်နေတဲ့ရေအောက်ကိုရောက်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/69/6927ae08db261a5aa7f7cc17bea456628f42f9ca.jpg
https://s9.kh1.co/__image/w=650,h=341,q=100/83/8395e21afd9b69ddab4d6c94138b77cfa9b08266.jpg

သစ်ပင်တွေ ၊ပန်းလေးတွေ ၊ထိုင်ခုံတန်းလျားလေးတွေ ၊ ပန်းခြံလမ်းလေးတွေ ၊ တံတားလေးတွေ အကုန်လုံး ကြည်လင်နေတဲ့ ရေကန် အောက်ကိုခေတ္တရောက်ရှိသွားပါတယ်။ ဆောင်းရာသီမှာ ပန်းခြံလေးဟာ ရေထဲမှ ပြန်ပေါ်လာတက်ပြီး ၃ပေ လောက်သာရှိတဲ့ ရေကန် လေးဖြစ်သွားသလို နွေရာသီမှာတော့ ပန်းခြံတစ်ခုလုံး ရေထဲရောက်ရှိသွားလို့ ရေအနက်ဟာ ၃၉ ပေလောက်အထိ ရောက်ရှိသွားပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/5b/5bbfa865fc4408496cb0358f1b25b25004f4f64d.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e6/e654099651ea944ba98d580c900a0da9883ce75c.jpg
https://s9.kh1.co/__image/w=600,h=400,q=100/e2/e226627d069fd4ec00b16961a0ccbbd578ae9c8a.jpg

သဘာဝရှုခင်းတွေကလည်း လှပတဲ့အပြင် နေရာလေးကလည်း တိတ်ဆိတ်လွန်းလှတဲ့ကြောင့် လာရောက်လည်ပတ်သူတွေ များပြားလျက်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဒီပန်းခြံလေးရဲ့ ရှုခင်းအလှပုံရိပ်တွေကို မျက်စိအေးစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ တချို့သူတွေကတော့ ဒီပန်းခြံလေး ရေအောက်ရောက်သွားတဲ့အချိန်ကျရင်လည်း ရေအောက်ထဲကို လာရောက်လေ့လာလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/ba/baf750fe330539522f3cbeb36fff18f3c9624a97.jpg
https://s9.kh1.co/__image/w=600,h=337,q=100/bd/bd706c715de7f7295807bbd7e746f4f74a86f438.jpg
https://s9.kh1.co/__image/w=600,h=400,q=100/82/829814b5331069e21a54c0ae1ec92d9dab224671.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T