မိခင်ရဲ့ဗိုက်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တွန်းနေကြတဲ့ အမြွှာနှစ်ယောက်ရုပ်သံ

//s9.kh1.co/2e/2ed9fc58b634c95876adcf06a89a72e4f5e416fa.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိသားစုတစ်စုမှာ မောင်နှမတွေဟာ တည့်တာရှိသလို မတည့်တဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် မတည့်တာက ပိုများပါတယ်။ အဲ့လိုမျိုးမတည့်လို့လည်း အပြိုင်အဆိုင်တွေရှိကြ ရန်တွေဖြစ်ကြတာကို ပရိသတ်ကြီးလည်း သိရှိကြမှာပါ။ အမြွှာတွေဆိုရင်တော့ သူတို့က မောင်နှမဆိုတာထက် အမြွှာတွေဖြစ်တာမို့ စိတ်ချင်းပိုဆက်ကြပါတယ်။ အဲ့လိုတွေကြောင့် သူတို့တွေဟာ တခြားမောင်နှမတွေထက် ပိုမိုထူးချွန်တာကို တွေ့ရှိရတက်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/34/340fa8930b002f9a524c15f2dee73e66dd708861.jpg

ဒါပေမဲ့ ခုချိန်မှာဆိုရင်တော့ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာ ထိတ်လန့်မှုကို တွေ့ရှိခဲ့ကြပါတယ်။ မိခင်ရဲ့ ဗိုက်ထဲမှာပဲရှိသေးတဲ့ အမြွှာနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းထုတ်နေတာကို တွေ့ရှိခဲ့ရပြီး အဲ့တာကို Video ရိုက်နိုင်ခဲ့ပါတယ်။ မိခင်ရဲ့ ဗိုက်ထဲမှာ ခုလိုမျိုးတွေ မလုပ်နိုင်တာကို လူတိုင်းသိရှိကြမှာပါ။ သိပ္ပံပညာအရဆိုရင်တော့ ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ပါဘူး။

https://s9.kh1.co/__image/w=600,h=628,q=100/02/0250166fe0cf33aecd199a47468c5a93651ff504.jpg
https://s9.kh1.co/__image/w=600,h=1058,q=100/17/1727b338e10b313455251d85e8b8afa60a15f10b.jpg

ခုဖြစ်စဉ်ကတော့ တရုတ်ပြည်မှာ ဖြစ်ခဲ့ပြီး အမြွှာနှစ်ယောက်က မိန်းကလေးတွေပဲဖြစ်ကာ နာမည်တွေကတော့ Cherry နဲ့ Strawberry တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဗိုက်ထဲမှာ ၄လရှိခဲ့တာဖြစ်ပြီး ကျန်းမာလျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဖေဖြစ်သူကတော့ " ကျွန်တော်တို့ ဒီဗီဒီယိုကိုတွေ့ရှိတဲ့ အခါမှာတော့ တကယ်ကို အံ့ဩသင့်စေခဲ့ပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်စဉ်ဟာ သန်း၃၀မှာ တစ်ခါသာဖြစ်တက်တဲ့ ဖြစ်စဉ်ဖြစ်ကာ အရမ်းကို အန္တရာယ်များကြောင်းပြောပြခဲ့ပါတယ်။ အောက်မှာဆိုရင်လည်း ပရိသတ်ကြီးအတွက် အမြွှာနှစ်ယောက်ရဲ့ ရုပ်သံကို ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T