အဆိုး၀ါးဆုံးနဲ့ အရက်စက်ဆုံးအဖြစ် သတ်မှတ်ထားရတဲ့ အကျဉ်ထောင်များ

//s9.kh1.co/97/976569396ece1c88193ce9220765222b394ae0db.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မည်သူမဆို တရားဥပဒေကို ချိုးဖောက်ခဲ့ရင် ဥပဒေရဲ့အပြစ်ပေးခြင်းကို ခံရမှာပါ။ အဲ့လိုအပြစ်ကျူးလွန်သူ များအား အကျဉ်းထာင်ကိုပို့ကြပါတယ်။ အကျဉ်းထောင်ဆိုတာ မည်သူမျှမသွားချင်ဆုံး နေရာတစ်ခုဖြစ်ပြီး အနိဋ္ဌာအာရုံများနဲ့ ပြည့်နှက်နေတဲ့နေရာဆိုလည်း မမှားပါဘူး။ ဒီတစ်ခါဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးနဲ့ အရက်စက်ဆုံး အကျဉ်းထောင်တွေ ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=253,q=100/a5/a584569f6c35054639a289651000728f7dc9af8c.jpg

ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ ထောင်ဟာ ကမ္ဘာပေါ်မှာ ထောင်တွင်းသတ်ဖြတ်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။ စာရင်းဖော်ပြချက်တွေအရ အကျဉ်းထောင်သားအများစုရဲ့ ၈၀ ရာခိုင်နှုန်းဟာ လက်နက်ကိုင်ဆောင်ပီး တိုက်ခိုက်တဲ့ အကျဉ်းသားတချို့ရဲ့ ရန်ကိုကြောက်လန်နေရတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=348,q=100/25/25ed661ff447b848468ffcc245899df5ebd5d49b.jpg

၂။ Rikers Island

https://s9.kh1.co/__image/w=600,h=390,q=100/7c/7c93f5047732b9bce7b18ead3e684f06a9fcb7ad.jpg

Rikers ကျွန်းမှာရှိတဲ့ အဆိုပါထောင်ဟာ အမေရိကန်နိုင်ငံမှာ တတိယအကြီးဆုံးထောင်လည်းဖြစ်ပါတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ ထောင်သားတွေအုပ်စုဖွဲ့ကာ နေထိုင်ကြခြင်း ၊ မကြာခဏ ထောင်တွင်း ဂိုဏ်းအဖွဲ့အချင်းချင်း အပြန်အလှန် သတ်ဖြတ် တိုက်ခိုက်ခြင်းများကြောင့် အဆိုး၀ါးဆုံးထောင်အဖြစ် နာမည်ကျော်ကြားနေပါတယ်။

https://s9.kh1.co/__image/w=600,h=300,q=100/8c/8c2631f04b98f1eed801a6ffa8ac43e70feede91.jpg

၃။ Bang Kwang Prison

https://s9.kh1.co/__image/w=600,h=344,q=100/5d/5d1c4e523b7c074675bbb0b95d33009e29887dc6.jpg

Bang Kwang ထောင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ အကျဉ်းထောင်တစ်ခုပါ ။ အဆိုပါထောင်ထဲမှာဆိုရင် အကျဉ်းသားတွေဟာ ပထမ (၃) လလောက်အထိ ခြေကျင်းနဲ့လက်ထိပ် တွေကို အမြဲဝတ်ထားရပါတယ်။ စစ်တမ်းများအရ အကျဉ်းသားတွေရဲ့ ၁၀ရာခိုင်နှုန်း ခန့်ဟာ အဆိုပါခြေကျင်း ၀တ်ထားရတဲ့ ဒဏ်ကြောင့် သေဆုံးရတယ်လို့ သိရပါတယ်။ အစားအသောက်အနေနဲ့ ထမင်းတစ်ပွဲနဲ့ ဟင်းရည်တစ်ခွက်သာပေးပြီး အခြားဟင်းလျာများကို စားချင်လျှင် ထောင်ထဲက ကန်တင်းမှာ ပိုက်ဆံပေးပြီး ၀ယ်စားရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/5f/5f6d402c51ea75950ed0c25d91edf4be9a66c591.jpg

၄။ Petak Island Prison

https://s9.kh1.co/__image/w=600,h=318,q=100/d1/d1d5e1dd2a9c646a0547e42db0b472bb70fd7213.jpg

Petak ကျွန်းမှာရှိတဲ့ ထောင်ဟာ ရုရှားနိုင်ငံမှာ အဆိုး၀ါးဆုံး ထောင်တစ်ခုလည်း ဖြစ်ပါတယ်။ ထောင်သားများအတွက် နှစ်ယောက်အိပ်ခန်း တစ်ခုစီ ပေးထားပြီး တစ်နှစ်လုံး ဧည်တွေ့ချိန် နှစ်ကြိမ်သာ ခွင့်ပြုပေးထားပါတယ်။ အဆိုပါထောင်မှ လွတ်မြောက်နိုင်ခြေအလွန်နည်းပြီး အကယ်၍ လွတ်မြောက်ခဲ့လျှင်လည်း အေးခဲလွန်းတဲ့ ရာသီဥတုကြောင့် အသက်ရှင်နိုင်ခြေ အလွန်နည်းပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/bc/bc218dbb475658b584ab79acc38da469fd402559.jpg

၅။ USP Florence ADMAX

https://s9.kh1.co/__image/w=600,h=297,q=100/13/135d237ef1b59553bb3d0975e1d3732daadf753a.jpg

USP Florence ADMAX ထောင်ဟာ အမေရိကတိုက်မှာ ရက်စက် အကြမ်းကြုတ်ဆုံး ထောင်ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ တည်ရှိပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်များ ၊ နိုင်ငံခြားသား အကြမ်းဖက် အဖွဲ့ဝင်များ ၊ နိုင်ငံတွင်းက အကြမ်းဖက်သူ များကို စုပေါင်းပြီး အကျဉ်းချထားတာပဲ ဖြစ်ပါတယ်။ ထောင်တွင်း အကျဉ်းခန်းများမှာ မည်သည့် လျှပ်စစ်မီးအလင်းမျှမရှိပဲ သဘာဝအလင်းရောင် တစ်ခုပဲရှိပါတယ်။ အကျဉ်းသားတွေဟာ အဆိုပါအကျဉ်းခန်းထဲမှာ တစ်နေ့ကို ၂၃ နာရီ နီးပါး နေရပါတယ်။

https://s9.kh1.co/__image/w=600,h=478,q=100/8a/8ae1e7958fc7e84a5bb0caa7f53ac5a2ffd07524.jpg

သတင်း အရင်းအမြစ်Itr

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T