ဒီနေ့တက္ကသိုလ်မှာနေ့ဆွမ်းကပ်တော့ ဆွမ်းအလှူရှင်ကကျောင်းသားသံဃာတွေအကုန်လုံးကို ဝတ္ထုငွေတစ်ပါး သုံးသော င်းလှူ တယ်။

ဘေးတခြားဆွမ်းဝိုင်းမှာသီလရှင်ကျောင်းသူတစ်ပါးတည်း ထီးထီးကြီးဆွမ်းဘုဉ်းနေတဲ့ ကိုယ်တော့အဲ့ဒိသုံးသောင်း မရလို က်ဘူး။ သူရည်ရွယ်ပြီးစိတ်ထဲထင်ထားတာက တက္ကသိုလ်ကျောင်းသားဆိုတာ သံဃာရဟန်းတော်တွေပဲရှိ တယ်လို့ထ င်တာနေပါလိမ့်မယ်။

ကိုယ့်ကိုကျောင်းသူ သီလရှင် လို့လည်းထင်ပုံမရသလို ကိုယ့်ပုံစံကလည်းလမ်းကြုံလို့တက္ကသိုလ်ဆွမ်းစားကျောင်းကို လမ်းဘေးအဝစားမဏ္ဍပ်ထင်ပြီး ထမင်းလာစားနေတဲ့ သီလရှင် ပုံစံများပေါက်နေသလား မသိ။ တကယ်တော့ ဘယ်လို ပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာ ကိုယ့်ကို လှူ ဖို့လည်း သဒ္ဓါနဲ့စိတ်ကူးကရှိဟန်မတူပါဘူး။

သူငယ်ချင်းတွေက ” စာအိတ်ရလား ဘာညာမေးတော့ !စိတ်ထဲမှာတမျိုးကြီးပဲ ဝမ်းနည်းသလိုလိုဘာလိုလိုနဲ့ အဲ့ဒိခံစား ချက်ကလိုချင်လို့ဖြစ်တာတော့မဟုတ်ဘူး။ မရလိုက်လို့ ဖြစ်တာ အဲ့ဒိမရတာကလည်း သူများတော့ရတယ် ငါ့ကျေ တာ့မ ရဘူးဆိုတဲ့ ကလေးဆန်ဆန်ဝမ်းနည်းတာမျိုးမဟုတ်ဘူး။

” သီလရှင် ဆိုတဲ့ အမျိုးကပုထုဇဉ်လူတွေရဲ့ကြီးမြတ်တဲ့ သဒ္ဓါတရားကိုမဖြစ်စေနိုင်လို့လား?’ ဒါမှမဟုတ် “သီလရှင် ဆိုရ င်အကြွေကိုပဲအလှူခံသင့်တာလို့ထင်နေကြတာလား ?ဆိုတဲ့အတွေးကရင်ထဲမှာစူးနေတာပဲ။ ဒါကြောင့်စာဝါတက်ရတာေ တာင် စိတ်ကသိပ်မပါတော့ဘူး။

မျက်ရည်ကိုအတော်ထိန်းထားရတယ် ရှက်တာရော ဝမ်းနည်းတာရော MA’ကျောင်းသားချင်းအတူတူ ကိုယ်ကျမှ ခွဲခြား အဖယ်ခံလိုက်ရသလို နာကျင်မှုက ဘာနဲ့မတူတာတော့သေချာတယ်။ အဲ့ဒိအချိန်မှာတွေးမိတာက တချို့ဘုန်းကြီးတွေဆို ငါ့နှမငါ့ညီမလေးတွေရယ်လို့ အားပေးစောင့်ရှောက်မယ်မရှိ။

မကြည်ညိုတတ်သူတွေကို ကြည်ညိုတက်အောင် အခွင့်အခါသင့်ရင် ဟောပြောပေးဖို့အသာထား သီလရှင်မြင်ရင် ခိုင်း စရာကျွန်ကိုမြင်နေသလိုပဲ။ လူထူရင်ပလ္လင်ပေါ်ကနေ “သီလရှင်ဆိုတာ လူနဲ့အတူတူပဲ “ဆိုတဲ့စကားလုံးတွေ ကိုဘု န်း ကြီးတော်တော်များများက သုံးတာတွေ့ဖူးတယ်။

အထူးသဖြင့်ရိပ်သာဘုန်းကြီးတွေပဲ။ ဒါပေမဲ့အဲ့ဒိဘုန်းကြီးတွေကသီလရှင်ဆိုရင် လူကွယ်ရာမှာတော်တော်ခိုင်းပြီး လူရှေ့ ဆိုသီလရှင်ကိုအတော်နှိမ်တယ်။ လူယောကျ်ားတွေလည်း မထီမဲ့မြင်နဲ့ကန်တော့ဖို့တောင် အင်မတန်ဝန်လေးေ နတာ သီလရှင်ကိုရှိခိုးတာနဲ့ မြေမြိုမယ်လို့များထင်နေသလားမသိ။

တကယ်တော့အမျိုးသမီးဆိုတာ အမေ့ဗိုက်ထဲကနေလောကအပြင်ကိုထွက်ပြီး မွေးဖွားပြီး မီးတွင်းကတည်းက ” ဘာလေး မွေးလဲ ? လို့ အမေးခံရတဲ့အချိန်က စပြီး အဖေ့ကြွေးကြော်သံက တိုးတိမ်သွားသလို ဖြေရတဲ့အမေနဲ့လက်သည် ရဲ့အသံ ကလည်း အားနည်းမူတွေအပြည့်ပဲ။

“သားဦးလေးကွ”ဆိုပြီးအော်တာနဲ့ “သမီးဦးလေးကွ”ဆိုပြီးအော်တာ ဘယ်အသံကအားအပါဆုံးလဲဆိုတဲ့မေးခွန်းက အဖြေမလိုသလိုပါပဲ။ ဒါတင်မကသေးယောကျာ်းလေးနဲ့ မိန်းကလေးဆိုရင် သွန်သင်ဆုံးမပုံကအစငယ်ငယ်လေးက တည်းကကွဲပြားခြားနားသွားတာ “ယောကျ်ားဆိုတာ မျက်ရည်မကျရဘူး ကွ” ” ယောကျ်ားဖြစ်ပြီး ခံလာရသလား ပြန်ချ “ဘာညာ အားပေးစကားတွေနဲ့ယုံကြည်မူနဲ့အင်အားကိုဖြစ်စေပေမဲ့ မိန်းကလေးတွေကိုတော့ ” ဗိုင်းကောင်းကျောက် ဖိ “ရွှေပေးလို့မရ “ဘာညာဆိုတာတွေနဲ့ ပြားပြားဝပ်အောင်ဖိကြနှိပ်ကြဆုံးမလွန်းတာကြောင့် အရွယ်ရောက်လာပြန်တော့လ ည်း အာဝေဏိကဒုက္ခငါးပါးဆိုတာတွေကတစ်မျိုး ပထွေးရန် လူယုတ်တမာ အထီးရန်တွေကတမျိုး ဒါ့အပြင်တခြားအရေးကြံုလာရင်ကိုယ့်အားကိုယ်မကိုးတတ်တော့ဘူး။

ပြဿ နာတွေကိုဖြေရှင်းရမှာထိတ်လန့်နေတတ်ပြီ။ ကြောက်တာရှက်တာတွေကြောင့် မိန်းကလေးတွေရဲ့ပ င်ကိုယ်စွမ်းရ ည်တွေပျောက်ပြီး အရှုံးပေါ် အရှုံးဆင့်ပြီး အရာရာကိုသိမ်ငယ်ရတော့တာပဲ။ ဘယ်လောက်တော်တော်ထက်ထက် မိန်းမ ဆိုတာ တကယ်ကို အနှိမ်ခံသက်သက်လိုပဲ။

မြန်မာယဉ်ကျေးမှုအရ မသင့်တော်လို့တားမြစ်ရပါတယ်ဆိုတဲ့ အမျိုးသမီးများအတွက်ရင်နာစရာဆိုင်းဘုတ်တွေ အမျိုးမျိုး ကိုမြင်ဖူးကြမှာပါ။ ဥပမာ အများဆုံးတွေ့နိူင်တာက “ဘုရားပေါ်မတက်ရ” ဤနေရာသည်မြင့်မြတ်သောနေရာဖြ စ်ေ သာကြောင့် အမျိုးသမီးများ မဝင်ရ “ဆိုတာတွေပေါ့။

ဒီနေရာမှာစကားမစပ်ပြောပြချင်တာက မွန်ပြည်နယ်က ကျိုက္ခမီရေလည်ဘုရားကိုဖူးရတာ ကိုယ့်ဘဝမှာ အကုသိုလ် အဖြစ်ရဆုံးအချိန်တစ်ခုရှိခဲ့ဖူးတယ်။ ဘုရားရှိတဲ့ အဆောင်ကိုမဝင်ရမတက်ရတဲ့အပြင် အဲ့ဒိဘုရားရှိတဲ့ အဆောင် နဲ့ဘေးချင်းခပ်ခွာခွာအဆောင်မှာ ဟိုဘက်ကအမျိုးသမီးတွေဘုရားဆင်းတုကိုဖူးဖို့ ပြတင်းပေါက်အရွယ် အပေါက်တစ်ခုလု ပ်ပြီး ဒီဘက်ကအဆောင်အပေါက်ကနေဘုရားဆင်းတုကို လှမ်းပြီးဖူးရတယ်။ တော်တော်လေးဝေးတယ်။

တကယ်ကို စိတ်ထဲအလိုမကျဖြစ်မိတယ်။ တော်ရုံတန်ရုံခွဲခြားတာဆိုရပါသေးတယ် အခုဟာကတော့ တော်တော်လေးကို လွန်လွန်းပါတယ်။ ဒါကြောင့်ထက်မြတ်တဲ့အမျိုးသမီးတွေက အမျိုးသမီးများတန်းတူအခွင့်ရေးဆိုပြီး အနောက်နိူင်ငံတွေ မှာ စတင်တောင်းဆိုတိုက်ပွဲဝင်လာကြသလို မြန်မာနိူင်ငံမှာလည်းအဲ့ဒိလိုမျိုးရှိတော့ရှိနေပါပြီ။

ကိုယ်လည်းမိန်းကလေးထဲက မိန်းကလေးတစ်ယောက်ဆိုတော့ကား မတူညီကြတဲ့လိင်တစ်ခုပေါ်ကိုဆုံးဖြတ်ပြီး အလွန်အမင်ချုပ်ချယ်ဖိနှိပ်ခံရတာမနှစ်သက်ပေမဲ့ ဒီနေရာမှာကိုယ်အမြင်ကိုပြောချင်တာက နေရာတကာမှာတော့ အမျိုးသားတွေကိုလိုက်ယှဉ်လို့တော့မရတာကိုသိသလို သူနေရာနဲ့သူဆိုတာကိုလည်း နားလည်ပါတယ်။

ဘုရားပွင့်တဲ့ အိန္ဒိယနိူင်ငံလိုနိူင်ငံမျိုးမှာ မိန်းမဆိုတာကျွန်တစ်ပါးလို့သက်မှတ်ထားတဲ့နိူင်ငံကို ခဏထားဦးဒီမို ကရေစီ ဘိုးအေကြီးလို့ခေါ်တဲ့ အနောက်နိူင်ငံကြီးတွေမှာတောင် အဆင့်မြင့်တက္ကသို လ်ကြီးတွေရဲ့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာ နောက်ခံသမိုင်းမှာ အမျိုးသမီးတွေကို ပညာသင်တက္ကသိုလ်တက်ခွင့်မပြုခဲ့ဘူးဆိုပဲ။ ဘာကြောင့်လဲဆိုတော့ ဘာကြော င့်မှမဟုတ်ဘူး။

မပြု ချင်လို့ကို မပြုတာ နောက်မှ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေဦးဆောင်ပြီး အဲ့ဒီဥပဒေကိုပြောင်းလဲပေးဖို့ ဆန့် ကျင်တောင်းဆိုတိုက်ပွဲဝင်ခဲ့မှပြင်ဆင်သွားတာတဲ့လေ။ ကိုယ်ကတော့ သူများတွေလို ကျားမ တန်းတူအခွင့်ရေးတွေ ဘိက္ခုနီသာသနာတွေဘာဘာညာညာမတောင်းဆိုပါဘူး။

ဒါပေမဲ့ တစ်ခုပဲ သာသနာဘောင်အတွင်းကလူချင်းချင်း လူလိုသူလိုအသိအမှတ်ပြုမူ ယုံကြည်လေးစားမှုနဲ့ ကူညီစောင့်ေ ရှာက်ဖေးမမူတွေပဲလိုအပ်တယ်။ သီလရှင် ဆရာလေးတွေကိုမကြည်ညိုတတ်သေးတဲ့ ပုထုဇဉ်ဒါယကာဒါယိကာမတွေရဲ့ ကြည်ညိုခြင်းသဒ္ဓါတရားကတော့းးးးးး ကံစပ်လေသမျှအထိပေါ့။ 

သတင်းအရင်းမြစ် Ma Esukhacari

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။