လူသားတွေကဲ့သို့ အသက်ရှင်နေထိုင်ကြတဲ့ ရေပုတ်သင်

//s9.kh1.co/d3/d327fec408fa2f4a267c57dceb9e819c886ee8b0.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူ့သက်တမ်းနီးပါးလာက် အသက်ရှင်နေထိုင်နိုင်တဲ့ ရေသတ္တဝါတစ်မျိုးဖြစ်ပီး လူငါးလို့ အများခေါ်ဝေါ်ကြတဲ့ အကောင်လေးကတော့ ရေပုတ်သင်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝစက်ဝန်းဟာ အလွန်အင်မတန်မှ ရှည်လျားလှပီး သူတို့မှာ လူတစ်ယောက်ကဲ့သို့ ခြေနှစ်ချောင်း ပါရှိပါတယ်။အရေပြားကတော့ ရောင်ခြယ်တွေမပါပဲ ဗြောင်ချည်းသက်သက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f7/f7c7dc85a1bab76820fd400cf2130e47835b383e.jpg

ရေပုတ်သင်ကောင်တွေရဲ့ ထူးခြားချက်ကတော့ အနံ့ခံအင်မတန်ကောင်းတဲ့ သတ္တဝါေတွပဲဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်းတွေဟာ ရေထဲက အားပျော့တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို စူးစမ်းသိရှိနိုင်ပါတယ်။ လူတစ်ယောက်ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်ရောက်မှ လိင်အင်္ဂါတွေ နိုးကြားကြပါတယ်။ရေပုတ်သင်အကောင်လေးတွေဟာ ဥကနေပေါက်ဖွားကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=624,h=351,q=100/d3/d327fec408fa2f4a267c57dceb9e819c886ee8b0.jpg

ရေပုတ်သင်ကောင်ငယ်လေးတွေဟာ အစားမစားပဲ (၁၀)နှစ်လောက် နေနိုင်ကြပါတယ်။သူတို့ဟာ ကုန်းနေရေနေ သတ္တဝါဖြစ်ပေမယ့်လည်း အများအားဖြင့် ရေထဲမှာသာအနေများပါတယ်။တစ်ကယ်တော့ သူတို့ရဲ့မျက်လုံးတွေဟာ လုံဒဝအလုပ်မလုပ်နိုင်ပဲ အနံ့ခံခြင်း တစ်မျိုးတည်းဖြင့်သာသွားလာကြရတာပါ။အရွယ်ရောက်ပီးရေပုတ်သင်ကောင် တစ်ကောင်ဟာ လူ့လက်ဖျံအရွယ်လောက်ရှိပါတယ်။

https://s9.kh1.co/__image/w=460,h=302,q=100/0b/0b8f24c01777daeab84d1fe55db4fdfc7a0c0197.jpg

ရေထဲတွင်သွားလာနိုင်ရန်အတွက် အမြှီးတစ်ချောင်းနှင့် ပါးဟက်ပါရှိပါတယ်။ဒါ့အပြင်သူတို့မှာ ရှိတဲ့ အဆုတ်တစ်စုံလုံးဟာ လုံးဝအလုပ်မလုပ်ပါဘူး။ရေပုတ်သင်ကောင်ရဲ့ ကိုယ်မှာ ငါးရှဉ့်လိုပြောင်ချောချောဖြစ်ပီး အရောင်မှာ အဖြူရောင်နဲ့ အညိုရောင်တို့သာရှိပါတယ်။လူသူသိပ်မနီးတဲ့ ကျောက်ဆောင်တွေကြားမှာ နေထိုင်ပြီး ကုန်းပေါ်မှာလည်းနေထိုင်ကြပါတယ်။  

https://s9.kh1.co/__image/w=650,h=341,q=100/c2/c20bd855ee27fe182995d7f4ee9ec70ee2dda82b.jpg

ရေပုတ်သင်ကောင်တွေဟာ အစာတစ်ခါစားပြီးတိုင်း နှစ်တော်တော်ကြာတဲ့အထိ အစာမစားပဲနေနိုင်ပါတယ်။သိပ္ပံပညာရှင်များဟာ အခုအခါသူတို့ကိုလေ့လာဆန်းစစ်မှုများပြုလုပ်နေပီပဲဖြစ်ပါတယ်။ရေပုတ်သင်မျိုးစိတ်အများအပြားကို အီတလီ၊ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားနိုင်ငံတို့မှာ တွေ့နိုင်ပါတယ်။

သတင်း အရင်းအမြစ်Sixth Sense

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T