ယနေ့ချိန်ထိ ကြီးကျယ်ခမ်းနားနေတုန်းဖြစ်တဲ့ အီဂျစ်တွေရဲ့ ဘုရားကျောင်း

//s9.kh1.co/d8/d86c1776e51e87756f588c73ccfdfbfca78f59ea.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကာနက်ဘုရားကျောင်းဝန်းကြီး ဟာ နာမည်ကြီး အီဂျစ် သမိုင်းထဲက ရှေးဟောင်း သီဘီးစ် မြို့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် အခုအချိန်ထိတိုင် အံ့ဖွယ် အဆောက်အအုံ တစ်ခု အဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ Karnak ဘုရားကျောင်းကို ရှေးအီဂျစ်တွေက အဓိက နတ်ဘုရား ၃ ပါး ဖြစ်တဲ့ Amun၊ Mut နဲ့ Khonsu တို့ ကို ရည်စူးပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/4a/4ab845fbd5ac63dee1c94312a7d0e9bee25f0447.jpg
https://s9.kh1.co/__image/w=600,h=300,q=100/2f/2fe76200ad88b23acac4bc6545859fa73e8a7853.jpg

ဘုရားကျောင်းဝန်းဟာ ဧက ပေါင်း ၂၀၀ ကျော်ကျယ်ဝန်းပါတယ်။ ဘာသာတရား အဆောက်အအုံတွေထဲမှာ အန်ကောဝပ်ပြီးရင် ဒုတိယ အကြီးဆုံး အဆောက်အအုံ ဖြစ်ပါတယ်။ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ Hypostyle ခန်းမကြီး ဆိုရင်လည်း စတုရန်းပေပေါင်း ၅၄၀၀၀ ကျယ်ပါတယ်။ Transformers: Revenge of the Fallen၊ The Mummy Returns၊ James Bond စတဲ့ ကမ္ဘာကျော်ဇာတ်လမ်းတွေကိုလည်း ဒီနေရာမှာ ရိုက်ကူးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/16/166d25f6d770ce746d8f0b339d6bf210f1669463.jpg
https://s9.kh1.co/__image/w=600,h=446,q=100/62/6206b068b3f6743f82c890ffe90334630225fdb6.jpg

နှစ်စဉ်နှစ်တိုင်း နတ်ဘုရားတွေက စိုက်ပျိုးရေးလုပ်ငန်းတွေ ပြီးမြောက်အောင်မြင်စေပြီး တဲ့အခါ ကမ္ဘာမြေကြီးဟာ အရမ်း အားအင်ကုန် ပင်ပန်းလာတဲ့ အတွက် အာကာသဆီက စွမ်းအင်တွေကို ပြန်လည်စုပ်ယူရတယ်လို့ ရှေးအီဂျစ်တွေက ယုံကြည်ကြပါတယ်။ ဒီလို ကမ္ဘာကြီးက စွမ်းအင်ရယူတဲ့ အထိမ်းအမှတ်အနေနဲ့ Opet ပွဲတော်ကို Karnak ဘုရားကျောင်းဝင်းထဲမှာ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။ ပွဲတော်ချိန်ဟာ ၂၇ ရက်ကြာမြင့်ပါတယ်။

https://s9.kh1.co/__image/w=600,h=399,q=100/bd/bd9cbc6809548f2150ca92c1f8ddcbc99953d0bc.jpg
https://s9.kh1.co/__image/w=600,h=450,q=100/95/95ba095b0baa94c8147f8f9f23367ca45ed5cdd8.jpg

ပွဲတော်ကျင်းပနေစဉ် အချိန်မှာ Amun နတ်ဘုရား ရုပ်ထုကို ဘုရားကျောင်းဝင်းထဲက မြင့်မြတ်တဲ့ ရေနဲ့ သန့်စင်ပြီးတဲ့နောက် ပိုးထည်တွေ ဝတ်ဆင်ပေးကြပါတယ်။ ရွေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ ဆင်ယင်ပေးကြပါတယ်။ အဲ့ဒီနောက် နတ်ဘုရားရုပ်ထုကို ပလ္လင်ပေါ်တင်ပြီး ဝါးလုံးတွေနဲ့ စည်းနှောင်ထားတဲ့ ဝါးထမ်းပိုးပေါ်တင်ကာ ဘုရင်နဲ့ အတူ လမ်းပေါ်ကို လှည့်လည်သွားကြပါတယ်။ 

https://s9.kh1.co/__image/w=600,h=337,q=100/f3/f3aaa79eb41c32c438a3aa6dce4abf963b923042.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T