သာမာန်အရွယ်အစားထက် များစွာသာလွန်ကြီးမားနေတဲ့ သတ္တဝါများ

//s9.kh1.co/01/01da05614c78b952c53dcda4c93731d050659edf.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံ ‌လျောင်နင်‌ပြည်နယ်မှာ ရှိခဲ့တဲ့ ဝက်ကြီး ဖြစ်ပြီး အ‌လေးချိန် ၉၀၀ကီလိုရှိကာ၂၀၀၄ ခုနှစ်‌‌ဖေ‌ဖော်ဝါရီလမှာ‌သေဆုံးခဲ့ပါတယ်။ သေဆုံးသွားခဲ့ချိန်မှာတော့ သူ့ရဲ့ ကိုယ်ကို ရုပ်လုံးသွင်‌းပြီး ပြတိုက်မှာပြသထားပါတယ်။ထိုဝက်ကြီးရဲ့ အရွယ်အစားကတော့ ကိုယ်ထည်အလျား ၂.၅ မီတာရှိပြီး ဗိုက်လုံးပတ် ၂.၂၃မီတာထိရှိပါတယ်။ 

https://s9.kh1.co/__image/w=600,h=337,q=100/a9/a927bc570b50f6bfebba594e9984a8e4ee3ed3f4.jpg

လူသားတွေဖမ်းမိခဲ့သမျှသမိုင်းမှာ အကြီးဆုံးအဖြစ် စာရင်းဝင်သွားတဲ့ ငါးကြင်းကြီးပဲ ဖြစ်ပါတယ်။ ထိုငါးကြင်းကြီးရဲ့ အလေးချိန်ဟာ ပေါင် ၃၀ရှိပြီး ဒါဟာ လူသားသမိုင်းမှာ စံချိန်တင် ဖမ်းမိခဲ့တဲ့ အကြီးဆုံးငါးကြင်းကြီးပဲ ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ နှလုံးရောဂါနဲ့ သေဆုံးသွားတဲ့ Gomek လို့အမည်ရတဲ့ မိချောင်းကြီးပဲ ဖြစ်ပါတယ်။ ထိုမိချောင်းကြီးဟာ အရွယ်အစားအလွန်ကြီးမားလွန်းကာ ၁၉၉၇ခုနှစ်မှာ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုမိချောင်းကြီးရဲ့ အရှည်ကတော့ အလျား ၅.၅မီတာတောင်ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=875,q=100/5d/5db2562758c6d6cee6b4bf7ceeee05cdf1ca07f4.jpg
https://s9.kh1.co/__image/w=600,h=745,q=100/13/137ac8343436db7e51a4873b723e85b32267c1d4.jpg

ကုန်းပေါ်မှာ ကျက်စားတဲ့ လိပ်မျိုးစိတ်ဖြစ်ပြီး ဆင်လိပ်လို့လည်း ခေါ်ပါတယ်။ ထိုဆင်လိပ်တွေဟာ အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာကျွန်‌းများ၊ ‌တောင်အ‌မေရိက အ‌နောက်ပိုင်‌း ပါရာပါဂိုးကျွန်‌း‌တွေ‌ပေါ်ကျက်စားနေကြပါတယ်။ ထိုလိပ်တွေရဲ့ အရှည်ကတော့ အခွံအလျား ၁.၅ မီတာ သွားလာချိန်အမြင်‌့ဝ.၈ မီတာအမြင်‌့ ကီလို၂၀၀ မှ ၃၀၀ အထိ အ‌လေးချိန်ရှိပြီး လူတစ်ဦးမှနှစ်ဦးထိတက်စီးလို့ရပါတယ်။ 

https://s9.kh1.co/__image/w=600,h=414,q=100/8b/8b00c3e1b4ef2c4d735e0555e900948aa4ad5d71.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T