နားထဲမှာ လောက်အကောင် ၈၀နဲ့ ဗိုက်ထဲမှာဇွန်းခရင်း ၇၈ ချောင်းကို တွေ့ရှိခဲ့ရတဲ့ သနားစရာ မိန်းကလေး

//s9.kh1.co/54/54dfac3a5b6b93efa0b23b1fba4586a8fa5315d3.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကျွန်တာ်တို့ခန္ဓာကိုယ်ကို ကျွန်တော်တို့ ပိုင်ဆိုင်ပေမယ့်လည်း တခါတလေမှာ ခွင့်မပြုပဲ ရောက်နေတက်တဲ့ အရာတွေရှိပါတယ်။ ထိတ်လန့်စရာကောင်းတာက ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်တဲ့အခါမှာ မထင်မှတ်ထားတဲ့ အရာတွေကို တွေ့ရှိကြရတာပါပဲ။ တစ်ချိန်ခ‌ျိန် အစာအိမ်နဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေသလိုခံစားနေရတာတို့ နားယားနေတာတို့ ဖြစ်မိရင် ခုဖော်ပြထားတဲ့ မိန်းကလေးနှစ်ယောက်လိုများ ဖြစ်နေမလားလို့ တွေးမိနိုင်ပါလိမ့်မယ်။

https://s9.kh1.co/__image/w=633,h=571,q=100/10/1041983e62d1cce00d8acc972342a000467df3dd.jpg

Margaret Daalman

https://s9.kh1.co/__image/w=633,h=385,q=100/d3/d307e79ab5ed9c994db25ae9082cd6811a411147.jpg

သင့်အနေနဲ့ Margaret ဆိုတ‌ဲ့မိန်းကလေးတစ်ယောက်အကြောင်းမကြားမိရင် သံအလုံးသုံးဆယ်မျိုချခဲ့တဲ့ မိန်းကလေးနဲ့ ပလပ်စတစ်တွေကိုမျိုချခဲ့တဲ့ လူ‌တစ်ယောက်အကြောင်းကို အံ့ဩသင့်မိနေပါလိမ့်မယ်။ Margaret ကတော့ သူတို့ထက်ကို ပိုပြီး အံ့ဩစရာကောင်းသလို ကြောက်ဖို့လည်းကောင်းပါတယ်။ သူမဟာ တစ်ရက်မှာ အစာအိမ်က မခံနိုင်လောက်အောင် နာကျင်နေတာမို့ ဆရာ၀န်ကို သွားပြခဲ့ပြီး X-ray ရိုက်ရမှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ သူမရဲ့ဗိုက်ထဲမှာ ဇွန်းခရင်း ၇၈ချောင်းကို တွေ့ရှိခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ သူမအနေနဲ့ ငွေထည်ပစ္စည်းတွေကိုမြင်ရင် မနေနိုင်တာကြောင့် ခုလို မျိုချခဲ့ရခြင်းဖြစ်ကြောင်း ၀န်ခံခဲ့ပါတယ်။ သင့်အနေနဲ့ ထမင်းစားဝိုင်းမှာ ကောင်မလေးတစ်ယောက်က ထမင်းမစားပဲ ခုလိုငွေရောင်ထည်ပစ္စည်းဖြစ်တဲ့ ဇွန်းခရင်းတွေမျိုချနေတာကို ြမင်ယောင်ကြည့်ပါ။ ဆရာ၀န်ရဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်မှုကြောင့် အဆင်ပြေခဲ့ပေမယ့် လွယ်ကူးမနေခဲ့ပါဘူး။ ဓါးတွေကို မမျိုချမိတာ ကံကောင်းတယ်လို့ဆိုရပါမယ်။

https://s9.kh1.co/__image/w=513,h=368,q=100/7b/7b301fae92d89958c9712a0ea7d7bdb7fafab324.png
https://s9.kh1.co/__image/w=588,h=784,q=100/66/66fee5128e3a204950efa011bdae55cafd5973ef.jpg

Radhika Mandloi

https://s9.kh1.co/__image/w=615,h=409,q=100/57/57ad6d3e379e4d945d17c5491dfa3745f438b5a6.jpg

ကလေးသူငယ်တွေအနေနဲ့ မိဘမရှိခင် စားလို့မရတဲ့ဟာတွေကို စားတက်ကြလေ့ရှိပါတယ်။ ကလေးသူငယ်တွေကလည်း ငယ်သေးတဲ့အခါမှာ ဘယ်ဟာအဆိုး ဘယ်ဟာအကောင်းမှန်းမသိတက်ကြပါဘူး။ Radhika Mandloi ဆိုတဲ့ အိန္ဒိယဟာ ကလေးမလေးဟာ သူ့မိဘတွေကို သူမရဲ့နားဟာ အရမ်းယားနေကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့မိဘတွေက စိုးရိမ်မှုအရမ်းမရှိခဲ့ကြပေမယ့် ဆေးရုံးကိုခေါ်သွားခဲ့ကြပါတယ်။ ဆေးရုံးရောက်တဲ့အခါမှာ ဆရာ၀န်ဟာ သူမရဲ့နားထဲမှာ ယင်ကောင်တစ်မျိုး ( Blowfly) ကိုတွေ့ရှိခဲ့ကြပါတယ်။ ဒါဟာထိတ်လန့်စရာမကောင်းသေးပါဘူး....သူမရဲ့နားထဲမှာ ယင်ကောင်တစ်ကောင်ထဲ ရှိနေတာမဟုတ်ပဲ ဥများလည်းတွေ့ရပြီး လောက်အကောင်၈၀ကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်။ ကံကောင်းတာက ဆရာ၀န်ဟာ လောက်တွေသူမရဲ့ ဦးနှောက်ကိုမစားမိခင်အချိန်မှာ တွေ့ရှိခဲ့တာပါ။ ဆရာ၀န်အနေနဲ့ Operation နှစ်ခါ၀င်ခဲ့ရပြီး ၃နာရီကြာမြင်ခဲ့ရပါတယ်။ Blowflyတွေဟာ ညစ်ပတ်ပြီး မသန့်ရှင်းတဲ့နေရာမှာတွေ့ရှိရတက်ပြီး ကံဆိုးစွာပဲ ကလေးမလေးရဲ့အိမ်ဟာ သန့်ရှင်းမှုမရှိခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/3b/3b837e3721805a2d31e04350c8a4fac226d5ee9c.jpg
https://s9.kh1.co/__image/w=615,h=410,q=100/f7/f79e35bbf6501b5108b52f38759d2a3c7729d176.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T