အနက်ရောင် ကြိုက်နှစ်သက်သူများရဲ့ စိတ်သဘောထားနှင့် ထိတ်လန့်စရာ အကျင့်လက္ခဏာများ

//s9.kh1.co/09/09681e33b6189cfca5f0c2cccb986774d2eeba47.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သင်ဟာ အနက်ရောင်ကိုကြိုက်နှစ်သက်သူ တစ်ယောက်ဆိုရင် သင့်အနေနဲ့ အနက်ရောင်ရဲ့အဓိပ္ပာယ်ကို သိဖို့လိုအပ်ပါတယ်။ အရောင်တိုင်းမှာ အဓိပ္ပာယ်ရှိပြီး ကိုယ်ကြိုက်တဲ့အရောင်အပေါ်မူတည်ပြီး မိမိဟာဘယ်လိုလူမျိုးလဲဆိုတာ သိရှိနိုင်ပါတယ်။ ခုသင့်ကြိုက်တဲ့ အနက်ရောင်ရဲ့ အဓိပ္ပာယ်ကရော ဘာများဖြစ်နေမလဲဆိုတာ ဆက်လက်ဖက်ရှုကြည့်ပါအုန်း။

https://s9.kh1.co/__image/w=600,h=400,q=100/09/09c0cba69dbe66f1bac403ca5d57af1264108463.jpeg

အနက်ရောင်ဟာ ခွန်အား၊ ချမ်းသားကြွယ်၀ခြင်း၊ ကြော့ရှင်းခြင်း၊ ဉာဏ်ကောင်းခြင်း၊ လေးနက်ခြင်း၊ အဆိုမြင်ဝါဒီရှိတက်ခြင်း၊ Evil ဆန်တက်ခြင်း၊ သေဆုံးခြင်း၊ အာဏာပါဝါရှိခြင်းတို့နဲ့ ဆက်စပ်ပါတယ်။ စီးပွားရေးသမားများနှင့် အမျိုးသမီးများအနေနဲ့ မကြာခဏဝတ်ဆင်လေ့ရှိကြတဲ့ အနက်ရောင်ဝတ်စုံဟာ လေးနက်မှုနှင့် ကျွမ်းကျင်မှုတို့ကိုလည်း ဆိုလိုပါတယ်။ အနက်ရောင်ဟာ တခြားအရောင်များကိုလည်း စုပ်ယူနိုင်ပါတယ်။ တရုတ်မှာ အနက်ရောင်အရည်ကို ကံဆိုးခြင်းအဖြစ်သတ်မှတ်ပြီး၊ ဂျပန်မှာတော့ ကျွမ်းကျင်မှုကို ကိုယ်စားပြုပါတယ်။ ဥပမာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ခါးပတ်နက် လိုမျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=626,h=500,q=100/30/304969d045f34b2d53e7fdd3899d68c45359d96c.jpg

အနက်ရောင်ကြိုက်သူများအနေနဲ့ လွတ်လပ်သူများဖြစ်ပြီး သူများကိုအကူအညီတောင်းတာထက် ကိုယ်ကိုတိုင် ပြုလုပ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ သင့်ရဲ့နေထိုင်မှုပုံစံက ပုံမှန်ဆိုပေမယ့်လို့ သူများတွေအနေနဲ့တော့ ခြောက်လန့်နေသလို ခံစားတက်ရပါတယ်။ အနက်ရောင်ကြိုက်နှစ်သက်သူတွေဟာ သူတို့ရဲ့ခံစားချက်နဲ့ ထိတွေ့လေ့မရှိပဲ စိတ်ဓာတ်ခိုင်မာကြသူများဖြစ်ပါတယ်။ အနက်ရောင်ကြိုက်သူတွေဟာ ကိုယ်ကိုကိုသန်မာတယ်လိုခံစားရတာကို ကြိုက်နှစ်သက်ပါတယ်။ ကိုယ့်အကြောင်းတွေကို ပြောပြလေ့မရှိသလို တခြားသူတွေနဲ့လည်း ပေါင်းသင်းလေ့မရှိပါဘူး။

https://s9.kh1.co/__image/w=400,h=600,q=100/c8/c83b123053db991e4e90aa6c7e780d7d5086e478.jpeg

ကောင်းမွန်တဲ့အချက်များ

Power

အနက်ရောင်ဟာ အလွန်အားကောင်းတဲ့ အရောင်ဖြစ်ပြီး လေးနက်မှုနဲ့ လေးစားမှုကို ကိုယ်စားပြုပါတယ်။

Elegance

အနက်ရောင်ဟာ ကြော့ရှင်းမှု၊ စတိုင်၊ ကြွယ်ဝမှု၊ ရှုပ်ထွေးမှုတို့နှင့် ဆက်စပ်နေတက်ပြီ အမြဲကြည့်ကောင်းနေတက်ပါတယ်။

Attractive

အနက်ရောင်ဟာ အနီရောင်လိုပဲ ဆွဲဆောင်မှု ရှိပေမယ့် အနီရောင်လောက်တော့ မဆွဲဆောင်နိုင်ပါဘူး။

https://s9.kh1.co/__image/w=650,h=813,q=100/cb/cb928a3c2a33bed24c012006b42d3a8abadd229a.jpg

မကောင်းတဲ့အရာများ

Bad or evil

အနက်ရောင်ဟာ မကောင်းတဲ့ဘက်ခြမ်းမှာရှိနေတက်ပြီး တခါတလေမှာ မကောင်းမှု‌ေတွကုိ ညွှန်ပြတက်လေ့ရှိပါတယ်။

https://s9.kh1.co/__image/w=640,h=1136,q=100/2f/2f6fc209280e2478938ecd17a9c350fca1f22371.jpg

The end of things

အနက်ရောင်ဟာ စိတ်ဓာတ်ကျစေတဲ့ အရောင်ဖြစ်ပြီး သေခြင်းနှင့်ပတ်သက်လေ့ရှိပါတယ်။ အရာများ၏အဆုံး၊ အခြေအနေတစ်ခု၏အဆုံး သို့မဟုတ် ခေတ်၏အဆုံးတို့ကို ဖော်ပြရည်ညွှန်းလျက်ရှိပါတယ်။ သေမင်းဟာလည်း အနက်ရောင်ကို ခြုံထားသူတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/fc/fce6f5432b46adbebab18bb9abc0f5628a548b7e.jpg

သတင်း အရင်းအမြစ်Colorpyschologymeaning

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T