ကမ္ဘာကြီးပေါ်က သင်မတွေ့မမြင်ဖူးသေးတဲ့ ထူးထူးဆန်းဆန်း ရှားပါးတိရစ္ဆာန်များ

//s9.kh1.co/87/8705caf200d10ca48c35794e53f5147a679a8447.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးပေါ်မှာဆိုရင် ယနေ့တိုင် ထူးဆန်းပြီး ရှားပါးတဲ့ တိရစ္ဆာန်တွေရှိနေကြတုန်းပါပဲ။ အဲ့ထဲက တချို့တိရစ္ဆာန်တွေကိုတော့ အောက်မှာဖော်ပြလိုက်ပါတယ်။

Dumbo Octopus

https://s9.kh1.co/__image/w=600,h=457,q=100/c6/c624be97ea0df4a052688a19464406c4b09dcf9d.jpg

ဒန်ဘိုလို့အမည်ရတဲ့ အဆိုပါ‌ေရသတ္တဝါလေးတွေဟာ ရေဘဝဲမျိုးစိတ်ဝင်အကောင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကိုတွေ့မြင်ဖို့ အလွန်ခဲယဉ်းပြီး အကြောင်းရင်းကတော့ ဒန်ဘိုလေးတွေဟာ ပင်လယ်ရေမျက်နှာပြင်ကြမ်းပြင်အောက် ပေပေါင်း ၁၃၀၀၀မှာ နေထိုင်ရှင်သန်နေကြလို့ပဲဖြစ်ပါတယ်။ ပင်လယ်ကြမ်းပြင်ရဲ့အောက်ခြေမှာရှိတဲ့ ခရုအပြင် အခြားသောရေသတ္တဝါသေးလေးတွေကိုလည်း စားသောက်ကြပါတယ်။

Thorny Dragon

https://s9.kh1.co/__image/w=600,h=450,q=100/b9/b9627056b76d632e9fbcd24aac6b6c14d4b48d26.jpg

ရုပ်ရှင်ကားတွေထဲမှာတွေ့ရတဲ့ ဒီအကောင်လေးတွေကို ဒဏ္ဍာရီထဲကအကောင်လေးတွေလို့ ထင်ခဲ့ပေမယ့် လက်တွေ့အပြင်လောကမှာ အမှန်အကန်တည်ရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲ့ဒီအကောင်လေးတွေကို ဩစတေးလျမှာ အတွေ့များပြီး ပုတ်သင်ညိုမျိုးနွယ်ဝင်အကောင်လေးတွေလည်း ဖြစ်ပါတယ်။ အကောင်လေးတွေဟာ အပူချိန်အလိုက် အရောင်ပြောင်းလဲတတ်ပြီး အစားအစာအဖြစ်ပုရွက်ဆိတ်တစ်မျိုးတည်းကိုသာစားသုံးကြပါတယ်။

Okapi

https://s9.kh1.co/__image/w=600,h=308,q=100/2b/2b0a2e009a9c30a4472611bd55e44105f0ee3e6d.jpg

အမှတ်မထင်ကြည့်လိုက်ရင် မြင်းကျားလို့ ထင်ရပေမယ့် တကယ်တော့ မြင်းကျားမဟုတ်ပါဘူး။ အဆိုပါအကောင်ကိုတော့ Okapiလို့ခေါ်ပါတယ်။ မြင်းကျားမျိုးနွယ်ထဲမှာပါဝင်ပြီး မြင်းကျားတွေလိုတကိုယ်လုံးအစင်းကျားပါရှိခြင်းမဟုတ်ပဲ ခြေထောက်တွေနဲ့ အနောက်ဘက်တင်အောက်ပိုင်းတွေမှာသာ ပါရှိခြင်းဖြစ်ပါတယ်။ သူရဲ့လျှာပာာလည်း မျက်စိအထိလျက်နိုင်စွမ်းရှိအောင် ရှည်ကြပါတယ်။

Jaguarundi

https://s9.kh1.co/__image/w=600,h=338,q=100/07/0788c7ed5a4431a7417e9a6fae4e0158eaa56b05.jpg

ဒီထူးဆန်းတဲ့Jaguarundi ပာာ တောင်အမေရိကမှာရှိတဲ့ တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီးခန္ဓာကိုယ်ပာာ ရှည်လမျောပုံစံရှိပါတယ်။ မျက်နှာကပြားပြားနဲ့ တခြားကြောင်တွေလိုအစင်းကျားအကွက်တွေ အရောင်တွေမပါဝင်ပါဘူး။ အိမ်မွေးလို့ လုံးဝမသင့်တော်ပဲ လူကိုအန္တရာယ်ပေးနိုင်တဲ့ ကြောင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

India Purple Frog

https://s9.kh1.co/__image/w=600,h=427,q=100/0a/0ad2a58e903edc140abea440caa18896ef28164f.jpg

အိန္ဒိယခရမ်းရောင်ဖားကတော့ တခြားဖားနဲ့မတူပါဘူး။ ပြောင်ပြောင်ချောချောနဲ့ မြင်တာတောင်အသည်းယားဖို့ကောင်းပါတယ်။ အဲ့ဒီဖားကိုမြင်တွေ့နိုင်ဖို့အတော်ခဲယဉ်းတာဖြစ်ပြီး ပုံထဲကဖားဟာ အိန္ဒိယအနောက်ဘက်တောင်ပိုင်းဒေသ Ghats မှာ ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T